Pt.40

1.3K 195 47
                                    

ဘုရားကျောင်း၀င်း အနောက်ဘက်ခြမ်းက ထိုင်နေကျခုံလေးမှာ ထယ်ယောင်းနှင့်ဂျင်တို့၂ယောက်...

ပုဇွန်ဆီရောင်သန်းနေသော နေလုံးကြီးကလဲ လွမ်းဆွေးဖွယ်ရာ...

"ကိုယ့်ကို Jungkook Appa မွေးစားဖြစ်တာ Jungkook ကြောင့်"

နေ၀င်ခါစ အိပ်တန်းတက်ဖို့ ပြင်နေသော ငှက်ကလေးများ အနောက်အရပ်သို့ ပျံသန်းနေသည်ကိုကြည့်ရင် ထယ်ယောင်းပြောလိုက်သည်...

"Jungkook က သူ့ Appa နဲ့ ခရီးထွက်တာလိုက်လာရင်း ဒီက,ကလေးတယောက်နဲ့ သူငယ်ချင်းဖြစ်တာလေ"

"အင်း"

သူ Jungkook ဆီက သိထားပီးသားဆိုပေမဲ့ မသိချင်ယောင်ဆောင်ကာ ရေလိုက်ငါးလိုက်‌ တုံ့ပြန်လိုက်သည်...

"အဲ့ကလေးကို Jungkook က အရမ်းချစ်တာ... သူ့အချစ်ဦးပေါ့"

"အင်း"

ဂျင့်ဖက်သို့ မသိမသာ စောင်းငဲ့ကြည့်လိုက်တော့ ဘာမှခံစားချက်မရှိသည့်မျက်နှာနှင့်... တကယ်ပဲ Jungkook အပေါ် ဘာမှခံစားချက်မရှိတာသေချာလား... သူစမ်းကြည့်ရမည်ပဲလေ...

"တနေ့ကျတော့ Jungkook တို့မိသားစု မြို့ပေါ်ပြန်ဖို့ဖြစ်လာတယ်"

"အင်း"

တိုက်ခတ်လာသော ညနေလေကြောင့် Kim Seokjin အနဲငယ်အေးသလို လက်နှစ်ဖက်ကို အိပ်ကပ်ထဲ,ထဲ့တော့ ထယ်ယောင်း ဂျင့်အနားတိုးကပ်သွားကာ သူ့ကုတ်အင်္ကျီကို ၀တ်ပေးလိုက်သည်... ဂျင်မငြင်းနေတော့ပေ...

"Jungkook က အဲကလေးကိုမခွဲနိုင်ဘူး"

"အင်း"

"ညကျတော့ Jungkook တယောက် သူတည်းနေတဲ့ အိမ်ကနေခိုးထွက်လာတာ... ဒီကိုပေါ့"

"အင်း"

"အဲ့ညက Jungkook ကားတိုက်ခံလိုက်ရတယ်... အဆိုးဆုံးက ခေါင်းထိသွားတယ်"

"ဒေါင်"

ဘုရားကျောင်းမှ ခေါင်းလောင်းထိုးသံကြောင့် ဂျင့် အင်း,လိုက်သံတောင် ကောင်းကောင်း မကြားလိုက်ရချေ...

"Jungkook က အဲ့လောက်အသဲအသန်ဖြစ်နေတာတောင် သတိတချက်ရတဲ့အချိန်မှာ ဘာပြောလဲသိလား"

Another Side Of Me [taejinkook] ✅Where stories live. Discover now