Pt.23

1.4K 188 31
                                    

ထိုညမှအစပြု၍ သူတို့ မကြာမကြာ ထပ်တွေ့ဖြစ်သည်.. 

တခါတလေသူဆန္ဒရှိရင်၊ တခါတလေ Kim Seokjinက လိုအပ်ရင်.. 

သို့ရာတွင် ထယ်ယောင်းမသိအောင် တွေ့နေရင်းပေါ့.. 

သူက ပွင့်ပွင့်လင်းလင်းနေချင်ပေမဲ့ အားလုံးသိထားသည်က သူနဲ့ထယ်ယောင်းကတွဲနေဆဲ.. 

ပီးတော့ Kim Seokjinကို ထယ်ယောင်းပြဿနာသွားရှာမည်ကိုလဲ မလိုလားပါ..  ထယ်ယောင်း တည်ငြိမ်သွားသည်အထိ သူစိတ်ရှည်ရှည်စောင့်ရမည်.. 

ဒါပေမဲ့ သူ..သူ့ဖက်ကရော..သူ့ခံစားချက်အမှန်ကို သူမသိပေ… 

သူ့ဘ၀တလျှောက်လုံး ထယ်ယောင်းအတွက်  ဖြစ်တည်လာခဲ့ပီးမှ ရုတ်တရက် ဂျွမ်းထိုးမှောက်ခုံဖြစ်သလို ဖြစ်ခဲ့ရပီးနောက် သူ့ကိုသူလဲ ဘာလိုချင်မှန်းမသိတော့ပေ… 

ထယ်ယောင်းနှင့်ဆို သူဟာချစ်တတ်လွန်းသူ၊ စကားနားထောင်သူ၊ လုပ်ချင်ချင်မလုပ်ချင်ချင် ထယ်ယောင်းပြောရင် လုပ်ပေးခဲ့သူ၊ သူက အမြဲရှေ့မှာနေပေး ကာကွယ်ပေးတတ်သူ၊ သူဟာသန်မာသူ၊ Perfect အမြဲဖြစ်ပြချင်သူ၊ သူ့ကိုသူလဲ ထယ်ယောင်းနှင့်ပတ်သက်လာလျှင် တာ၀န်အရှိဆုံးလူလို့ တသက်လုံးသတ်မှတ်လာရာကနေ Kim Seokjin နှင့် ပတ်သက်မိပီးသည့် နောက်ပိုင်း သူ့ရဲ့နောက်ပုံစံတမျိုးကို မြင်နေရသည်… 

သူက လူတွေရှေ့မှာ အမြဲသန်မာနေပြစရာမလိုတာကို သဘောကျသည်၊ ဟန်ဆောင်ပီး လုပ်ရတာကိုမုန်းသည်၊ ချုပ်ချယ်တာကို မခံနိုင်၊ သူကြောက်တတ်သည့်အရာများကို ပွင့်ပွင့်လင်းလင်းပြောချင်သည်… 

သူ့အားနဲချက်များကိုလဲ Kim Seokjin က မြင်ဖူးသည် ကြားဖူးသည်…  ယုတ်စွအဆုံး   အရင်တုန်းက သူ့အလုပ်မှာ တခါတရံစိတ်ဖိစီးမှုများကို ထယ်ယောင်းအား စိတ်မကောင်းမဖြစ်စေချင်လို့ မပြောဖြစ်ခဲ့ဖူးသော်လည်း Kim Seokjin ကိုကျ ခုတော့ပြောဖြစ်သည်… မခံနိုင်ရင် ငိုချပစ်လိုက်သည်… 

နောက်တခုကဟိုကိစ္စ… Kim Seokjin မှလွဲ၍  ဘယ်သူနဲ့မှ မဆက်ဆံဖူးလို့ပဲ အရူးအမဲသားကျွေးသလို ဖြစ်လေသလားတော့ သူမသိ…  ဒါပေမဲ့ Kim Seokjinက အရမ်းကို ဆွဲဆောင်မှုရှိလွန်းသည်… ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ဘယ်လိုပုံစံ အနေထားနဲ့ပဲဖြစ်ဖြစ် သူ့ကို စိတ်ကျေနပ်မှု အပြည့်ပေးနိုင်သည်… 

Another Side Of Me [taejinkook] ✅Donde viven las historias. Descúbrelo ahora