Pt.6

1.5K 168 10
                                    

ထိုအဖြစ်ပျက်များအပြီး Seokjin နှင့် ၁လနီးပါးလောက် သူထပ်မဆုံဖြစ်ပါ... သူတို့အဖွဲ့Schedule မရှိတာရော၊ Seokjin နှင့်က Company မှာပါ တိုက်တိုက်ဆိုင်ဆိုင်မတွေ့ဖြစ်တာလဲပါသည်..

သူလဲ Seokjin ပြောသလို ကြိုးစားပီးမေ့လိုက်သည်..

၂ဦး၂ဖက်ကျေနပ်အောင်လဲ လုပ်ပီးသွားပီမို့ ရှေ့လျှောက်ဘာမှမဖြစ်ခဲ့ကြသလိုသာနေမည်...

"ကဲတယ်နော် ထယ်ယောင်း"

"မနာလိုနေတာလား Jimin shi"

"ဖြစ်ရသေးတယ် Jeon Jungkook ရယ်"

Jimin မဲ့ရွဲ့ကာအခန်းထဲမှထွက်သွားသည်...

ကျန်သူများကလဲ သူတို့အတွဲကိုကြည့်ကာ ခေါင်းတရမ်းရမ်း...

ဖြစ်မှာပေါ့.. ထိုင်နေတာကလဲ တစ်ယောက်ထိုင်ခုံမှာ ထိုင်နေတဲ့သူ့ပေါ် ယောင်းငယ်ကတက်ထိုင်နေတာ...

သူတို့အဖွဲ့၀င်အချင်းချင်း ဒီလိုပဲရင်းရင်းနှီးနှီးနေကြသည်ဆိုပေမဲ့ အတွဲမှန်းသိနေကြသော သူတို့ကိုတော့ စနောက်ချင်ကြတာဖြစ်သည်...

ယောင်းငယ်ခါးကို ခပ်တင်းတင်းဖက်ကာနှုတ်ခမ်းပါးလေးကို မော့နမ်းလိုက်တော့ ယောင်းငယ်က သ‌ဘောကျသလို ရယ်လိုက်သည်...

နှစ်ယောက်သား အနမ်းမိုးသဲကြီးမဲကြီး ရွာနေချိန်တွင် ရုတ်တရက်သူ့နှာခေါင်းထဲ Moringa နံ့သင်းသင်း၀င်လာသည်... သူစိတ်ထင်တာများလား... ဟင့်အင်း... သူမေ့နိုင်အောင်ကြိုးစားထားခဲ့တာလေ...

အတွေးများ ဂယောက်ဂယက်ဖြစ်နေချိန်တွင် အရှိန်လျော့လာသောအနမ်းကြောင့် ယောင်းငယ် သူ့ကိုငုံ့ကြည့်လိုက်သည်...

"ဘာဖြစ်လို့လဲဟင် ကူး"

"ဟင်...ဘာမှမဟုတ်ပါဘူး"

ပြန်ပြောကာ ယောင်းငယ်မျက်နှာလေးကို ပြန်ဆွဲပီး Jungkook အနမ်းများဆက်နေမိသည်..

ထိုစဥ်...

"Kim လေး ရောက်နေတာကြာပီလား"

Namjoon Hyung ခပ်လှမ်းလှမ်းမှ ပြောလိုက်‌သောအသံက နားထဲဗုံးပေါက်သွားသလိုပင်...

ခပ်တင်းတင်းဖက်ထားသော ယောင်းငယ်ခါးမှ သူ့လက်များပင် ပြေကျသွားရသည်...

Another Side Of Me [taejinkook] ✅Where stories live. Discover now