နေရာကား မြို့လည်ခေါင်နှင့် သိပ်မဝေးပေမဲ့ ဆိတ်ငြိမ်သည့် အိမ်ယာတစ်ခုရှိ အိမ်ခန်းလေးတစ်ခု…
တိတိကျကျဆိုလျှင် ကုတင်ပေါ်တွင် လဲလျောင်းနေသော Kim Seokjin ရှိနေရာအိပ်ခန်းလေးတခု…
ထယ်ယောင်း ရေနွေး၀တ်ဖြင့် ဂျင့်လက်လေးများကို ဖွဖွသုတ်ပေးနေရင်း…
“ဂျင်လေး လှဲနေတာမညောင်းဘူးလားကွယ် ထပါတော့လားဟင်”
တစ်ကိုယ်လုံးဒဏ်ရာအပြည့်ဖြင့် ရှေ့နဖူးနှင့် နောက်စေ့ပါ မကျန်ကွဲထားသောကြောင့် ပတ်တီးများဖြင့် ဖွေးဖွေးလှုပ်နေသော Kim Seokjin သတိပြန်မရသေးပါ…
အခင်းဖြစ်ကာစနေ့ထက် သက်သာလာတာဆိုလို့ ပါးပြင်လေးပေါ်က မှန်ကွဲခြစ်ရာတချို့ကြောင့် ယောင်နေတာလေး သက်သာရုံသာရှိသေးသည်…
သူရေပတ်တိုက်ပေးစရာ လွတ်တာဆိုလို့ တစွန်းတစထွက်နေသော လက်ချောင်းလေးအချို့သာရှိသည်…
မျက်ခွံများကလဲ တင်းတင်းစေ့ကာပိတ်ထားဆဲ…
“မထရင်လဲ မထပါနဲ့ဦးနော်… ခုနေထရင် ဂျင်အရမ်းနာကျင်နေမှာ… ဟုတ်တယ်... သတိပြန်မရလာသေးနဲ့ဦး”
ဆရာ၀န်ကိုတောင် ဂျင်တချိန်လုံး အိပ်ပျော်နေအောင် အိပ်ဆေးတွေ ထိုးခိုင်းရင်ကောင်းမလားမသိဘူး…
အသည်းသန်လူမမာက ဂျင်ဆိုပေမဲ့ ဆေးမမီတာက ထယ်ယောင်းဖြစ်နေချေပီ…
တငိုငိုတရီရီ ကြောင်စီစီဖြစ်နေသောသူ ဂျင်က အသက်အန္တာရယ်က လွတ်ပါပြီဟု ဆရာ၀န်မပြောမချင်း မအိပ်မနေ၊ မစားမသောက်ပဲနေတာ သေမှာ သူအရင်ဖြစ်လိမ့်မည်…
ဒါတောင် ဂျင့်ကို စောင့်ရှောက်ရမယ်လေ၊ ကိုယ့်ကိုကိုယ် ဂရုစိုက်ဟု ပြောထားလို့အသိ၀င်လာခြင်းပင်…
သူအစားပုံမှန်စားပီး ဂျင့်ဘေးက တဖ၀ါးမှမခွာပေ…
ဒီနေရာလေးကိုလဲ ဘယ်သူမှမသိသည့်အတွက် ဂျင့်ကို ဘယ်သူမှ လိုက်မရှာနိုင်ပေ…
ဟက်... ခုချိန် Jeon Jungkook လဲ ရူးနေလောက်ရောပေါ့…
~~~~~~~~~~~××××××××××~~~~~~~~~~~
![](https://img.wattpad.com/cover/337995979-288-k755260.jpg)
YOU ARE READING
Another Side Of Me [taejinkook] ✅
Fanfictionလူတွေမသိတဲ့ ငါ့ရဲ့နောက်ပုံစံတစ်မျိုးကို ငါကိုယ်တိုင်တောင်အံ့ဩတယ်...