Pt.36

1.4K 208 64
                                    

"ကင်မ်ထယ်ယောင်း.. ဒါ.. ဒါတွေက ဘယ်လိုဖြစ်လာတာလဲ.."

သူ့ကို မအိပ်သေးပဲ စောင့်နေသည့် Jungkook၊ ဖရိုဖရဲဖြစ်နေသည့် သူ့ပုံစံနှင့် ချွေးအလိမ်းလိမ်း၊ မျက်ရည်စတချို့ပါ မျက်၀န်းမှာမြင်လိုက်ရတော့ အယောင်ယောင်အမှားမှား...

ထယ်ယောင်းသည်လဲ Jungkookကို မြင်လိုက်သည်နှင့် ဂျင့်မျက်နှာလေးကိုပါ တွဲမြင်လာတော့ သူ့နှလုံးသားကမခံစားနိုင်ပေ...

ကိုယ့်လုပ်ရပ်ကြောင့် ကိုယ်ချစ်ခဲ့ဖူးသည့်သူက ကိုယ်ခုချစ်မိသွားသည့်သူကို နာကျင်စေခဲ့သည်လေ...

သူဘာများလုပ်မိလို့ ဒီလိုဒဏ်ခတ်ခံရတာပါလိမ့်...

ဟန်ပင်မဆောင်နိုင်စွာ လှည့်ထွက်လာတော့ Jungkook နောက်ကနေ ထပ်ချပ်မကွာလိုက်၀င်လာသည်...

"ပြောစမ်း.. ဒါဘာတွေဖြစ်လာတာလဲ၊ မင်းပြောတော့ Kim Seokjin နဲ့သွားတွေ့တာဆို"

ရှေ့ဆက်မေးချင်သည်များကို မနဲမြိုသိပ်ထားပုံရသည့် Jungkookကို ခါတိုင်းဆို သူလှောင်ရယ်နေမိမှာမှန်ပေမည့် ခုတော့ ဘာမှကို ပြန်မပြောချင်ပါ...

"ငါ့ကို ဒီညတယောက်တည်းပေးနေပါ...ငါတောင်းပန်ပါတယ်"

ဆက်မေးလဲ မထူးသည့်ပုံမို့ Jungkook တောက်တချက်‌ခေါက်ကာ ထယ်ယောင်းအခန်းထဲမှ ထွက်လာရင်း သူ့အခန်းမှ ကားသော့၀င်ယူကာ အိမ်အောက်ဆင်း ကားထုတ်၍ Kim Seokjin ကွန်ဒိုရှိရာသို့ ဦးတည်နေလေတော့သည်...

မကိုင်သည့်ဖုန်းကိုလဲ အဆက်မပြတ်ခေါ်ရင်းပေါ့...

~~~~~~~~~~××××××××~~~~~~~~~~~

သူ့ကိုမြင်တော့ လန့်သွားသလိုဖြစ်သည့် Kim Seokjin စားပွဲပေါ်က အရက်ပြန်တချို့နှင့် ဂွမ်းများကို ဖွက်ရန်ကြံသော်လဲ မမီတော့ချေ...

"ငါ့အခန်း p/w ပြောင်းမှပါ..မင်းဒီလို ဘာမပြောညာမပြော ဇွတ်ဇွတ်၀င်လာရင်..အာ့.."

ပြောနေတုန်း သူ့ရှေ့ ဗြုန်းခနဲရောက်ချလာကာ လက်၂ဖက်ကိုဆွဲကိုင်လိုက်တော့ အနဲငယ်စပ်သွားသောကြောင့် အသံကလွတ်ခနဲထွက်သွားသည်...

"ဒါတွေက ဘယ်လိုဖြစ်တာလဲ.. ထယ်ယောင်းလုပ်တာလား"

တုန်ရင်နေသော အသံများနှင့်အတူ မယုံနိုင်သလိုမေးလာသည့် Jungkook၊ မေးကြောများပါထောင်လာသည်...

Another Side Of Me [taejinkook] ✅Where stories live. Discover now