Pt.38

1.4K 195 52
                                    

“မင်း ချစ်သူဘာလို့မထားတာလဲ” 

သူ့ကိုကျောပေးကာ လဲလျောင်းနေသော Kim Seokjin ၏အ၀တ်မဲ့ခန္ဓာကိုယ်လေးကို ခပ်တင်းတင်းဖက်ကာ မေးလိုက်သည်… 

“ဘာလုပ်ရမှာလဲ” 

“အင်” 

ဒီလိုပြန်မေးခံရမည်ကိုတော့ မထင်ထားပေ… Kim Seokjinက တကယ်ပင် ဘယ်လိုတွေတွေးနေတာတုန်း… 

“ချစ်သူထားတာ တခုခုလုပ်ဖို့လားမင်းအတွက်က” 

Kim Seokjin၏ မေးခွန်းကို သူအမေးဖြင့်သာ တုံ့ပြန်လိုက်သည်… 

“ငါ့အတွက်မလိုအပ်ဘူး” 

“အင်း” 

“ငါ့ဖာသာတယောက်တည်းနေနိုင်တယ်” 

“အင်း” 

“ငါ့ကို အဆုံးစမရှိချစ်ပေးတဲ့မိဘရှိတယ်၊ ငါ့ကိုကာကွယ်ပေးမဲ့ hyung ရှိတယ်၊ ရင်ဖွင့်ဖို့ ပေါက်ကွဲဖို့ hang out လုပ်ဖို့ သူငယ်ချင်းတချို့ရှိတယ်၊ စားဖို့သောက်ဖို့ အလုပ်အကိုင်ရှိတယ်” 

“အင်း” 

“ဟော.. ခုဆိုငါ့အတွက် S*x partner  တောင်ရှိတယ်... ဘာလို့ချစ်သူလိုမှာလဲ” 

သူမျက်မှောင်တွန့်လျက်… 

“ငါမရှိဘူးဆိုရင်ရော” 

“နောက်တယောက်လာမှာပေါ့” 

မဆိုင်းမတွပြန်ဖြေလာသော Kim Seokjin ကြောင့် သူဆွံ့အသွားသည်… 

ငြိမ်ကျသွားသည့် သူ့ကြောင့် Kim Seokjin  ကျောပေးထားရာမှ သူနှင့်မျက်နှာချင်းဆိုင်ပြန်လှည့်အိပ်ကာ… 

“အာ့ဘာဖြစ်သွားတာတုန်း” 

သူဘာမှပြန်မဖြေဖြစ်… နှုတ်ခမ်းများ စူနေမလားတော့မသိ… 

“မင်းလဲ တချိန်ကျရင် ချစ်သူအတည်တကျရမှာပဲလေ၊ အဲ့ကျ ဒါမျိုးလုပ်ရပ်က လုံး၀မှားတယ်ရော” 

“…………………”

“ဆိုတော့ ငါကတယောက်တည်းပြန်ဖြစ်မှာပဲဟာကို” 

တိတ်ဆိတ်နေဆဲသူ့ကြောင့် Kim Seokjin ဟက်ခနဲတချက်ရယ်ကာ… 

“ဘာလို့အများကြီးတွေးနေတာလဲ.. ငါဆိုသိပ်မတွေးဘူး... လုပ်ချင်တာလုပ်တယ်၊ ဖြစ်လာရင်လဲရင်ဆိုင်လိုက်တယ်၊ ဘ၀က စီစဥ်တိုင်းဖြစ်တာမဟုတ်ဘူး၊ ဖြစ်လာတဲ့ပုံစံအတိုင်း စိတ်ထားပီး နေတတ်ဖို့ပဲလိုတယ်” 

Another Side Of Me [taejinkook] ✅Where stories live. Discover now