Pt.27

1.5K 187 45
                                    

ဖွင့်ထားသည့် ပြတင်းပေါက်မှ ၀င်ရောက်လာသော နေရောင်ခြည်ဖျော့ဖျော့လေးနှင့်အတူ ကြားနေရသော ငှက်တေးသံသာများက မနက်ခင်းလေးကို သာယာစေသည်..

Jungkook အိပ်မှုန်စုံမွှားဖြင့် နိုးလာသော်လည်း သူ Kim Seokjin အိပ်ယာထဲမှာပဲ ရှိနေသေးသည်ဆိုသည့် အသိက သူ့ကိုကြည်နူးမိ‌စေသည်..

ညအိပ်တုန်းကတော့ Kim Seokjin က သူ့ကို ကျောပေးရက်၊ သူက အနောက်မှ သိုင်းဖက်ကာ အိပ်ကြသော်လည်း ခုတော့ တဖက်တည်းအိပ်ရတာ ညောင်းလို့ထင်ပါရဲ့၊ သူ့ဖက် ပြန်လှည့်အိပ်နေသောကြောင့် သူ့ရင်ခွင်ထဲမှာ လုံးလုံးလေး..

အိပ်နေရင်း‌လည်း ဟောက်တတ်သည့်အကျင့်ရှိပုံမပေါ် ၊ အသက်ရှူသံ တိုးတိုးလေးနဲ့ ငြိမ်ငြိမ်ဆိမ်ဆိမ်အိပ်နေလိုက်တာများ မွေးကင်းစကလေးလေးအိပ်‌နေသလိုပင်..

ခုလို အနီးကပ်သေချာကြည့်ရတော့လဲ စင်းနေသည့် မျက်တောင်နက်နက်လေးတွေ၊ နှာတံမြင့်မြင့်လေးရယ်၊ နဲနဲတော့ ချောင်ကျသွားတဲ့ မျက်နှာသေးသေးလေးရယ်၊ ၂ခုမရှိနိုင်တဲ့ နှုတ်ခမ်းဖူးဖူးပြည့်ပြည့်လေးက တချိန်လုံး ငုံထွေးပီးစုပ်နေချင်စရာ..

သူအသဲယားလာတော့ အောက်ကို အသာလျှောပီး ထိုစတော်ဘယ်ရီလုံးလေးရဲ့အောက်တစ်လွှာကို ဖွဖွလေးငုံလိုက်သည်..

ချိုလိုက်တာ..

မတင်းတိမ်နိုင်စွာဖြင့် အပေါ်တစ်လွှာလေးကို ထပ်ငုံလိုက်သည်..

တော်လောက်ပီ.. ဒီထက်ကြာရင် သူဒီထက်ပိုလိုချင်လာလိမ့်မယ်.. အာ့ဆို Kim Seokjin သူ့ကို ကန်ထုတ်မှာ သေချာတယ်..

သူသဘောကျစွာ ပြုံးလိုက်ပီး Kim Seokjinကို ရင်ခွင်ထဲပြန်ထဲ့ကာ မျက်လုံးများကို မှိတ်လိုက်လေသည်..

~~~~~~~~~~~×××××××~~~~~~~~~~~

နောက်တရေးနိုးတော့ နေတောင် အတော်မြင့်နေပီ..

ရင်ခွင်ထဲငုံ့ကြည့်လိုက်တော့ ဟိုအကောင်ပေါက်လေးမရှိတော့..

ဖက်လုံးကြီးထိုးထဲ့ခဲ့ပီး ဘယ်ချိန်က ထသွားလဲမသိ..

သူကမန်းကတန်းထပီး လိုက်ရှာနေမိသည်..

Another Side Of Me [taejinkook] ✅Where stories live. Discover now