Pt.55

1.2K 184 133
                                    

နှစ်ခန့်ကြာသော်....

Seoul စိတ်ကျန်းမာ‌ရေးဆေးရုံရှိ အထပ်၂၀ မြင့် ပန်းခြံလေးပါသော Rooftop ၌ နေပူစာလှုံနေသော ဆေးရုံ၀တ်စုံဖြင့် လူတစ်ဦး...

ထိုသူက အခြားသူမဟုတ်၊ Jeon Jungkook သာ...

Jungkookကို သူ့အခန်းရှိ ရေချိုးခန်းထဲ၌ လက်ကောက်၀တ် ပြတ်ရှဒဏ်ရာဖြင့် သွေးအပြည့်ရေချိုးကန်ထဲတွင် Jiminတို့ အတွေ့မြန်၍ သူ့ အသက်မှီအောင် ကယ်လိုက်နိုင်သော်လည်း စိတ်အခြေအနေက ထိန်းလို့မရတော့ပေ...

🦋 မနေ့က ဒီအပိုင်းကို Pt.54ထဲထည့်ထားတာ။ မြင်ယောင်ကြည့်လိုက်၊ ဘယ်လောက်တောင်မိုက်မလဲဆိုတာ 😈 ။ ဘာဆက်ဖြစ်မလဲ? Jeon ကိုပါ ပို့လိုက်ပီလား? ဘာညာဆိုပီး ပျော်စရာကြီး 🤧။ ဟင်းးးး နောက်ဆုံးတော့ ရှင်တို့‌လေးတွေကိုအရမ်းသနားလို့ ဒီဖက်ထဲထည့်လိုက်ရတယ်၊ ခု ဖတ်ရတာ မမိုက်တော့ဘူး 🥴 🦋

နောက်ဆုံး အကုန်တိုင်ပင်၊ ဆုံးဖြတ်ပီး စိတ်ကျန်းမာရေးဆေးရုံ၌ထားရန် စီစဥ်လိုက်ရသည်...

အဘယ်ကြောင့်ဆိုသော် သူပြောနေသည့်စကား၊ အပြုအမူ အားလုံးက ပုံမှန်လူလို့ လုံး၀မဟုတ်တော့သောကြောင့်...

နှုတ်မှ ကင်မ်လေးဆိုတာကလွဲရင် ဘာမှမပြောတော့ပဲ ကြောင်စီစီမျက်လုံးလေးများဖြင့် သူသည် ဘယ်လောက်တောင် ရင်ကွဲပက်လက်ဖြစ်ရသော အခြေအနေကို ဖြတ်သန်းလာရလဲဆိုတာ သူပဲသိလိမ့်မည်...

~~~~~~~~~~×××××××××~~~~~~~~~~~~~

📖 ငါတို့ အကတိုက်နေတုန်း အပေါ်ကကျလာတဲ့ မီးဆိုင်းကြီးက ထယ်ယောင်းစနက်တဲ့

ဘာ !!

📖 ငါသွေးပျက်လွန်းလို့ ငါ့နားနဲ့သာ ကြားခဲ့ရတာမဟုတ်ရင် ယုံမှာ မဟုတ်ဘူး

Jungkook ရင်များ တဒိတ်ဒိတ်ခုန်လာသည်...

📖 ထယ်ယောင်းက အစောကတည်းကသိနေခဲ့တာပဲ... သူ့နှုတ်ကနေ ပြောတာကို ငါနားနဲ့ဆတ်ဆတ်ကြားခဲ့ရတယ်...

📖 သတိမေ့နေတဲ့ Jungkookရဲ့ လက်ကို သူကိုင်ပီးပြောနေတာ ငါမျက်လုံးနဲ့မြင်ခဲ့တယ်...

📖 ငါလေ ပြေး၀င်သွားပီး ပြောချင်တာ၊ ငါ့ကိုဒဲ့လာပြောပီး ဒဲ့လာရှင်းပါလားလို့...

Another Side Of Me [taejinkook] ✅Opowieści tętniące życiem. Odkryj je teraz