Pt.49

1.7K 178 97
                                    

Jungkook ရင်ဘတ်ထဲတွင် ဟာလာဟင်းလင်း ဖြစ်နေသောကြောင့် ဖုန်းထဲ၀င်လာသော noti သံများကို အချိန်အတော်ကြာ မကြည့်မိလိုက်...

သူသာကြည့်မိရင် သူ့လူတွေ အလူးအလဲခံနေရသည့် CCTVမှ မြင်ကွင်းနှင့် ထယ်ယောင်းလက်ထဲ အရုပ်ကြိုးပြတ်သလို ပါသွားသည့် Kim Seokjinကို မြင်မိမှာအမှန်ပင်...

သူအိမ်သို့ပြန်ရောက်တော့ ပြေးကြည့်စရာကို မလိုအောင် ပွကြဲနေသော ပစ္စည်းများနှင့်အတူ ပိုင်ရှင်မဲ့နေသောကုတင်လေး...

CCTVကို အခါခါပြန်ကြည့်မိတော့ ကုတင်ပေါ်ကနေ ဗိုက်ကလေးနှိပ်ပီးဆင်းလာသော Kim Seokjin ၊ ထယ်ယောင်းကိုလဲမြင်ရော အယောင်ယောင်အမှားမှား...

ထယ်ယောင်းကလဲ သူတို့မြင်နေကျ ပုံစံမျိုးမှမဟုတ်ကိုး... အခန်းရှေ့က အစောင့်တွေကို ဘယ်လိုတောင် ထိုးကြိတ်လာလဲမသိ... လက်သီးတွေမှာပါ သွေးတွေစွန်းနေတော့ Kim Seokjin လန့်သွားရှာတာ...

ထယ်ယောင်း Kim Seokjin အနားကပ်သွားပီး လက်ကိုင်ပ၀ါလိုလိုနှင့် အုပ်လိုက်တော့ ပျော့ခွေသွားသည့်ကိုယ်လေးက ထယ်ယောင်းတပွေ့စာသာ...

သူအုတ်နံရံကိုသာ လက်သီးဖြင့် တ၀ုန်း၀ုန်းထိုးမိသည်...

တောက် !!

သူပေါ့တာ... ဒီတခါတော့ Kim Seokjin သူ့လက်ထဲရောက်ပီးမှ ထယ်ယောင်းဆီ ပြန်ပါသွားတာသူညံ့တာ...

ဖုန်းထဲ msg ၀င်လာသံကြောင့် ကြည့်လိုက်တော့ ထယ်ယောင်းဆီက...

msg ကိုမဖတ်ခင် ပုံတစ်ပုံကို မြင်လိုက်ရတော့ ရင်ထဲဗလောင်ဆူသွားရသည်...

Kim Seokjinကို ခေါ်သွားတုန်းက အိမ်နေရင်း၀တ်စုံအပါးလေးနှင့် ထိုင်ခုံတလုံးပေါ်မှာ ခေါင်းလေးငိုက်စိုက်ကျနေသည်...

ကြည့်ရတာ သတိမေ့နေပုံ... နေရာကလဲ ဂိုဒေါင်ပျက်လိုမျိုး...

သူစာကို အလောသုံးဆယ် ဖတ်လိုက်တော့...

"ဂျင့်ကိုတွေ့ချင်ရင် ခုပို့တဲ့လိပ်စာကို မင်းတယောက်တည်းလာခဲ့... အဖော်ခေါ်လာရင်၊ ရဲတိုင်ရင် မင်းနောင်တရစေရမယ်"

ဟင့်အင်း... သူ Kim Seokjinကို ဘာမှမဖြစ်စေရဘူး...

ထယ်ယောင်း ဘယ်အနေအထားထိ သွားချင်လဲတော့ သူမသိပေမဲ့ အရမ်း မိုက်ရူးရဲဆန်တာမျိုး မလုပ်ဖို့တော့ မသိစိတ်က မျှော်လင့်မိသည်...

Another Side Of Me [taejinkook] ✅Where stories live. Discover now