Pt.56

1.1K 171 95
                                    

တရွေ့ရွေ့တိုးလာသော ထိုကောင်လေးသည် Jungkook သတိလက်လွတ် ကြောင်ငေးကြည့်နေသည်ကို အခွင့်ကောင်းယူကာ သူ့ခါးမှသိုင်းဖက်ပီး ဆွဲလှဲချလိုက်သည်...

သူတို့နှစ်ဦး သမံတလင်းပေါ် ထပ်လျက် လဲကျသွားချိန်တွင် အောက်ထပ်မှ ဆေးရုံ၀န်ထမ်းများ၊ ဆရာ၀န်များနှင့်အတူ Jhopeတို့ပါ ပြေးတက်လာလေသည်...

"ဘာဖြစ်သွားသေးလဲ"

အကုန်စိတ်ပူပီး မေးနေသံကို သူမကြားတော့... သူ့ကိုယ်လုံးအောက်မှာ ပိနေသော ထိုကောင်လေးမျက်နှာကိုသာ သူ ကြောင်ငေးပီးကြည့်မိနေတုန်း...

ထိုစဥ် သူ့အောက်မှ ထိုကောင်လေးက ကုန်းရုန်းထလိုက်ပီး သူ့ကို ရုတ်တရက်ဆွဲဖက်လိုက်သည့် ခံစားချက်...

"ဘာမှ မဖြစ်တော့ဘူးနော်.. အကုန်အဆင်ပြေသွားပီ"

သူ့ကျောပြင်ကို အသာယာပုတ်ပေးကာ ပြောနေသော ထိုကောင်လေးအသံသည် နွေးထွေးမှုအပြည့်ဖြင့်...

ဒါပေမဲ့... ဒါပေမဲ့ ဘာလို့ သူ့နှလုံးသားက ငြိမ်သက်နေတာလဲ...ဘာလို့လဲ...

သူကြောင်စီစီတွေးနေတုန်း လက်မောင်းတဖက်က စူးခနဲဖြစ်သွားပီး အမှောင်ကမ္ဘာထဲ ရောက်သွားလေသည်...

~~~~~~~~~~××××××××××~~~~~~~~~~~~

"အနှေးနဲ့အမြန်တော့ သူရိပ်မိမှာပဲ"

"ဒါပေမဲ့ လောလောဆယ် သူစိတ်ငြိမ်အောင် ဒီနည်းပဲရှိတယ်လေ... Kim PD nim မရှိတော့တာကို သူလက်ခံလာဖို့ ဒီလိုပဲ နည်းလမ်းရှာပီး လုပ်‌ပေးရမှာပဲ"

"သူကလက်ခံတယ်လေ... လက်ခံလို့ကိုပဲ၊ Kim PD nim မရှိမှန်း သိလို့ကိုပဲ သူ့နောက်လိုက်သွားချင်နေတာ"

တီးတိုးတီးတိုးသံများကြောင့် သူ ခေါင်းမူးနောက်စွာဖြင့် နိုးထလာရသည်...

သတိရရလာခြင်းတွင်...

"ကင်မ်လေး"

"ဟော... Jungkook နိုးလာပီလား"

"ကင်မ်လေး ဘယ်မှာလဲဟင်"

"အင်း"

Jhopeတို့ တယောက်မျက်နှာတယောက်ကြည့်ကာ ခေါင်းသာကုတ်နေလိုက်သည်...

Another Side Of Me [taejinkook] ✅Where stories live. Discover now