Pt.8

1.4K 175 26
                                    

Kim Seokjin ခေါင်းလေးကို နောက်လှန်ချပီး ‌အော်လိုက်သည်...

"မင်း အတော် stamina မကောင်းတာပဲ Kim"

"တိတ်စမ်း.. ငါကမင်းတို့လို Stage Show တွေမှာ ဖျော်ဖြေရတဲ့သူမဟုတ်ဘူး၊ အဲ့လောက်ကြီး Workout တွေ ငါမလုပ်ထားဘူး"

"အေးပေါ့၊ လက်လှုပ်ခြေလှုပ်ပဲ ကတာသင်ပေးရတာဆိုတော့"

"အေး..ပြောထား၊ နောက်ခါ ကကွက်တွေကို Dope တို့ ON တို့ ထက်ဆိုးတာထွင်ပေးလိုက်မယ်"

ဒါတော့ သူကြောက်သည်၊ သူတို့အဖွဲ့ ကကွက်များက ခက်သည့်အပြင် မြန်လဲမြန်သည်...lip-sync မလုပ်ပဲ live ဆိုရင်းကရတော့ ပင်ပန်းသည်... Choreographer များထံမှ ကကွက်လှလှနှင့် လွယ်လွယ်ရရေးက သူတို့အရေးဖြစ်သည်..

"စတာပါ Kim PD nim ကလဲ"

"ဟူး.. ငါတို့လက်လျှော့လိုက်ရအောင်လေ Jeon"

"ရှုံးရင် ဒဏ်ပေးခံရတာ မင်းခံမှာလား"

Kim Seokjin တချက်တွန့်သွားသည်.. punishment က တခါတလေ ရုပ်ပျက်လွန်းလှသည်...ရိုးရာ၀တ်စုံကြီး တနေကုန်၀တ်ရတာမျိုး၊ Sunflower headgear နဲ့လေဆိပ်သွားရတာမျိုးတို့၊ ကြောင်ကြောင်ကြားကြား ဖက်ရှင်၀တ်ရတာမျိုးတို့ ဖြစ်သည်..

ထိုကောင်လေး အသံမထွက်လာ‌တော့ပေမဲ့ သူ့ကို ဖက်တွယ်ထားသောလက်များက ပိုအားလျော့လာသောကြောင့်..

"Kim... မင်းနဲနဲအားယူပီး ငါ့ကိုယ်ပေါ်တက်လာခဲ့"

"ဟင်?"

"အဲ့လိုကြီး ငါ့ကိုချိတ်ဆွဲထားမှာထက် ငါ့ကိုယ်ပေါ် တက်လာလိုက်လို့"

"ဟင်? မျက်နှာချင်းဆိုင် မှောက်ရက်ကြီးလား"

"သြော်. အေး.. အဲ့လိုမလုပ်ချင်တော့ မင်းကငါ့ကိုဖင်ပေးထားချင်လို့လား"

"မင်း မညစ်ပတ်နဲ့"

"ဟ.. ပြောပြတာလေ.. တွေးချင်တာတွေ တွေးမနေနဲ့"

"အိုး.. သူကပဲပြောရသေး"

"လာမှာဖြင့် အမြန်လာ.. လေးရတဲ့အထဲ တွတ်တွတ် တွတ်တွတ်နဲ့၊ ငါ့နားထဲယားနေတာပဲ"

အမှန် Kim Seokjin က အဲ့လောက်မလေး၊ Workout အမြဲလုပ်ကာ muscle အပြည့်ဖြင့် သူက Kim Seokjin ကို လက်တဖက်ဖြင့်တောင် ချီနိုင်သည်။ ယောင်းငယ်က သူ့ကို တခါတလေကုန်းပိုးခိုင်းသည်ထက်တောင် ပေါ့သည်...

Another Side Of Me [taejinkook] ✅Where stories live. Discover now