Pt.10

1.4K 179 14
                                    

နောက်တနေ့မနက် သူစောစောထကာ တစုံတခုကို ချက်ပြုတ်နေသည်...

လက်ကလဲ လုပ်သင့်လား၊ မလုပ်သင့်လား တွန့်ဆုတ်နေသည် ....

သူယောင်းငယ်ကိုနဲနဲလေးတောင် မထိခိုက်စေချင်ပင်... မျက်နှာလေးညှိုးရင်တောင် ပြာပြာသလဲလဲဖြစ်တာမို့ သူ့လက်နှင့် ယောင်းငယ်နာကျင်အောင်လုပ်ရမည်ကို စဥ်းပင်မစဥ်းစားရဲ...

သို့ရာတွင် အမှန်တရားကိုသိချင်စိတ်ကိုလဲ မတွန်းလှန်နိုင်...

သူသိထားခဲ့တာတွေသာ အမှန်တရားမဟုတ်ဘူးဆိုရင် သူ့ကမ္ဘာကြီးတခုလုံး ဂျွမ်းထိုးမှောက်ခုံဖြစ်သွားမည်ထင်သည်....

အတွေးနဲ့တင် မွန်းကြပ်လာသည်မို့ နားထင်ကိုခဏနှိပ်နယ်ကာ အနားပေးနေမိသည်... ညကလဲ သူကောင်းကောင်းမအိပ်ခဲ့ရပေ...

"အစောကြီးနိုးနေပါလားကူး"

ဘယ်ချိန်အောက်ဆင်းလာမှန်း သတိမထားမိလိုက်ခင် ထယ်ယောင်း Jungkook ကိုအနောက်မှသိုင်းဖက်ကာ မှီနွဲ့လိုက်တော့ Jungkook စိတ်များနူးညံ့သွားရသည်...

"အင်း.. မောနီး ချစ်ဆုံး"

ကျောပေးထားရာမှ ပြန်လှည့်ပီးယောင်းငယ်နဖူးလေးကိုခပ်ဖွဖွနမ်းကာ ရင်ခွင်ထဲထဲ့ပီးဖက်ထားလိုက်သည့်တခဏ သူအေးချမ်းသွားရသည်...

"ဒီနေ့မနက်စာ ဘာစားကြမလဲ..၀ါး..Sweet Potato Soup? ကန်စွန်းဥတွေကို လုပ်ထားတာပဲ..မစားရတာကြာပီ"

လျှာလေးသပ်ရင်းပြောလာသော ယောင်းငယ်သည် ကလေးငယ်လေးလိုပင် ဖြူစင်လှသည်...

ဟုတ်တယ်.. သူ့ကို သေးသေးပဲ မြည်းခိုင်းလိုက်မယ်.. အာ့မှ မပြောကောင်းမဆိုကောင်း တခုခုဖြစ်တယ်ဆိုလဲ ဆေးရုံဆေးခန်းအမြန်ပို့လို့ရမယ်...

တောင်းပန်ပါတယ် ယောင်းငယ်.. ဒီတခါပဲအချစ်ကိုနာကျင်အောင်လုပ်ခွင့်ပြုပါ.. နောက်ဘယ်တော့မှမလုပ်တော့ပါဘူး ...

သူတဒိတ်ဒိတ်ခုန်နေသောရင်အစုံကို အသာထိန်းကာ ထမင်းစားပွဲ၀ိုင်းခုံ၀င်ထိုင်လိုက်သည် ....

၂ယောက်သားရှေ့တွင် ချထားသော Sweet Potato Soup၊ တကယ်တော့ ကန်စွန်းဥယောင်ဆောင်ထားသော အာလူးများသာ လုပ်ထားတော့ သိပ်ခွဲမရပေ.. အရသာချိုနေအောင်လဲ စမ်းပီးသွားပီမို့ ကန်စွန်းဥနီးပါးတူသည်ပြောရမည်...

Another Side Of Me [taejinkook] ✅Where stories live. Discover now