Pt.45

1.1K 193 59
                                    

“မင်း… မင်း…” 

“ဘာလဲ... Appa အသေသတ်ခိုင်းလိုက်တာ မသေလို့ လန့်သွားတာလား” 

အက်ကွဲသံဖြင့် ပြောလာသောသူ့ကြောင့် Mr Jeon အနောက်သို့ တဖြည်းဖြည်းဆုတ်သွားမိသည်… 

“ဒါမှမဟုတ် သရဲဖြစ်သွားပီထင်လို့လား” 

သွေးဆုတ်နေသော Mr Jeon သူ့ကိုကြည့်ကာ နောက်ဆုတ်နေရင်း အိမ်နံရံနှင့် ကပ်မိသွားပြီ… 

“ဘာလို့လဲ? ဘာလို့ အဲ့လောက်ထိတောင် လုပ်ရက်တာလဲ?” 

အသိစိတ် ပြန်၀င်သေးပုံမပေါ်သောကြောင့်  Mr Jeon ပါးစပ်အဟောင်းသား မျက်လုံးအကြောင်သားဖြင့်သာ ကြည့်နေဆဲ… 

“ကျွန်တော် Appa သားအရင်းနဲ့ အတူတူကြီးပြင်းလာတာလေ… Appa မျက်စိရှေ့တင် ကြီးလာတာလေ” 

ပြောနေရင်း မျက်ရည်များပါ စီးကျလာသောထယ်ယောင်း၊ အေးစက်နေသော ရာသီတွင်ပင် ချွေးစေးများအပြည့်ဖြင့်… 

“ကျွန်တော် ဒီအိမ်မှာ နေကတည်းက Appaကို ဘာများ စိတ်သောက ရောက်အောင် လုပ်ခဲ့လို့လဲ… ထားရာနေ စေရာသွားခဲ့တာမဟုတ်ဘူးလား… ဘာလို့လဲ!! ဘာလို့လဲ!!” 

သူဒေါသတကြီး အော်လိုက်ချိန်တွင် Mr Jeon တုန်လှုပ်သွားပီး ရင်ဘတ်ကို ဖိလိုက်သည်… 

သူ့နှလုံးရောဂါ ပြန်ထချင်လာပြီ… 

“အခုတော့ Appa ထိလိုက်မိတဲ့သူက ကျွန်တော့်မှာကျန်တဲ့ နောက်ဆုံးတန်ဖိုးရှိတဲ့အရာလေး” 

Mr Jeon စကားသာမပြောတာ အမောစဖောက်လာသည်… 

“ကိုယ့်အလှည့်ကျ မကြောက်နဲ့နော်… သေတာထက် ဆိုးတာလုပ်မှာမို့… Jungkook ကို ကျွန်တော် ဘယ်လိုဖျက်စီးပြမလဲဆိုတာကို စောင့်ကြည့်နေ” 

“မလုပ်နဲ့!!” 

Mr Jeon ပထမဦးဆုံးထွက်လာသောစကား.. 

ထယ်ယောင်းလက်မောင်းကို လာဆုပ်ကိုင်ကာ… 

“မလုပ်နဲ့… Jungkook ကို ဘာမှမလုပ်နဲ့” 

“လုပ်မှာ… ခင်ဗျားလုပ်ထားတာ ခင်ဗျားသိတယ်မလား… ကျွန်တော့မှာ ဘာမှမကျန်တော့ဘူးလေ… အဲ့တော့ Jungkook ကို ပြောပီး ငရဲကို အတူတူသွားကြတာပေါ့” 

Another Side Of Me [taejinkook] ✅Where stories live. Discover now