Pt.26

1.4K 187 28
                                    

Jungkook စကားပြောမည်အပြုတွင် ထယ်ယောင်း သူ့နှုတ်ခမ်းများကို တင်းတင်းကြပ်ကြပ် လာဖိနမ်းသည်... 

ထိုစဥ် သူ့ဘောင်းဘီအိပ်ကပ်ထဲမှ မြည်လာသောဖုန်းသံ… 

“ကျစ်… မကိုင်နဲ့” 

“Namjoon hyung ဆီက … အရေးကြီးတယ်” 

“ဟာ… ညဖက်ကြီး ဘာများအရေးကြီးမှာလဲ” 

စိတ်မရှည်သလို ပြောလာသော ထယ်ယောင်းကို တွန်းဖယ်ကာ သူဘောင်းဘီဇစ်ဟောင်းလောင်းနှင့် ဧည့်ခန်းထဲထွက်လာသည်… 

📱Hello Hyung

📱JK မင်းဘယ်မှာလဲ

📱အပြင်မှာ.. ဘာလို့လဲ hyung

📱Kim လေးနဲ့ မဟုတ်ဘူးလား

သူတချက်ကြောင်သွားသည်… Namjoon hyung ဘာတွေ လာမေးနေပါလိမ့်… 

မဟုတ်သေးပါဘူး… သူစိတ်လဲရှုပ်သွားသည် ဘာလို့ Namjoon hyung က Kim Seokjin ပျောက်တာ သူ့ကိုလာမေးနေရတာလဲ… သူနဲ့ Kim Seojin ရဲ့ ဆက်ဆံရေးက ဘယ်သူကမှ မသိတာ… 

📱ကျစ်… အဲ့ကလေး နေမကောင်းပဲနဲ့ ဘယ်သွားနေလဲမသိဘူး

📱နေမကောင်းဘူး? ဘာဖြစ်လို့လဲ

သူ့အသံ အနဲငယ်ကျယ်သွားသည်… ရေချိုးခန်းထဲမှ ထယ်ယောင်းပင် ထွက်လာပီးနားစွင့်နေသည်… 

📱နေ နေ… လုပ်စရာရှိတာလုပ်… ကိုယ် Ken တို့ဆီ ဆက်ရှာကြည့်ဦးမယ် 

ရုတ်တရက် သူ့ရင်ပူလာကာ အပြင်ပြန်ထွက်ပီး Kim Seokjinကို ရှာရန်သာသိတော့သည်..

ဘောင်းဘီဇစ်ကိုပြန်တပ်ကာ အခန်းပြင်ထွက်ရန်ပြင်ရင်း… 

“p/w ပြော ယောင်းငယ်” 

“ဘယ်လဲကူး… ဘယ်မှမသွားရဘူးပြောထားတယ်လေ… ဒီည ငါနဲ့ပဲနေ” 

“ဟင့်အင်း… ငါသွားမှရမယ်” 

“ဘယ်လဲ” 

အေးစက်စက်မေးလာသော ထယ်ယောင်းပုံစံက သူ့ကို p/w ပေးမည့်ပုံ လုံး၀မပေါ်… 

ရတယ်လေ Jeon Jungkook ပဲ… အခန်းတွင်းဖုန်းမှ reception ကို လှမ်းခေါ်လိုက်သည်… 

📱Reception ကလား… ကျွန်တော့အခန်း လော့ကျနေလို့ အတွင်းက p/w လဲ မေ့သွားလို့၊ အာ့အခုလာဖွင့်ပေးပါ

Another Side Of Me [taejinkook] ✅Où les histoires vivent. Découvrez maintenant