ဒီနေ့ထယ်ယောင်း မြို့နှင့်ဝေးရာ သူလာနေကျ ဘုရားကျောင်းလေးသို့ ရောက်နေသည်...
အကြောင်းမှာ ဘုရားကျောင်းလေးနားက သူနေခဲ့သည့် မိဘမဲ့ကျောင်းလေးမှာ Kim Namjoon တို့ မိသားစု အလှူလာလုပ်မယ်လို့ သတင်းရထားလို့..
ဘုရားကျောင်းနားတွင် ထယ်ယောင်းကားကိုအသာရပ်ကာ သူနေခဲ့သည့် ထိုမိဘမဲ့ဂေဟာလေးသို့ လျှောက်လာသည်...
ခပ်လှမ်းလှမ်းတွင် ကလေးများနှင့် ကစားနေသော Kim Seokjin ကို လှမ်းမြင်နေရသည်..
ဟက်... အပြစ်ကင်းတဲ့ပုံ အတော်ဟန်ဆောင်တတ်တာပဲ.. တွေ့ကြတာပေါ့...
သူခပ်သွက်သွက်လျှောက်သွားကာ Kim Seokjin ရှေ့ အသာသွားရပ်လိုက်သည်..
မမြင်မစမ်းဖြင့် လိုက်ကိုင်နေရာကနေ သူ့လက်မောင်းတဖက်ကို လာထိသော နူးညံ့သည့်လက်သွယ်သွယ်လေး၏ အထိအတွေ့ကို ခံစားမိသည်...
အရင်က စကားပြောဖူး၊ မြင်ဖူးပေမဲ့ ဒီလောက်တော့ တစ်ယောက်လက်ကိုတစ်ယောက်ကိုင်ထားသည့် အနေအထားလောက်မနီးကပ်ပေ..
မျက်လုံးများကို အ၀တ်စဖြင့် စည်းထားသောကြောင့် မျက်နှာပြင်တခုလုံး နှာတံမြင့်မြင့်နှင့် စတော်ဘယ်ရီသီးလေးလို နှုတ်ခမ်းဖူးဖူးလေးသာ မြင်နေရသည်...
ထယ်ယောင်း အသံပြန်မပေးသေးပဲ ထိုနှုတ်ခမ်းလေးကို ကြည့်နေမိသည်...
ဒါလား..ကူးကို မြူဆွယ်ခဲ့တဲ့နှုတ်ခမ်းလေး.. သိပ်လှတာတော့အမှန်ပဲ... ဒါပေမဲ့ မင်းအဲ့နှုတ်ခမ်းလေးကပဲ ငါ့ကို သေမတတ်တောင်းပန်စေရမယ်...
"ကင်မ်ထယ်ယောင်း?"
အံ့သြသွားပုံဖြင့် Kim Seokjin...
"အင်း.. ဘုရားကျောင်းဖက်လာရင်း ဒီဖက်လျှောက်လာတာ"
ပြောရင်း သူ့မူပိုင် boxy smile လေးကို ချိုမြစွာပြုံးပြလိုက်သည်...
"အာ.. အဲ့လိုလား"
သူ့အပြုံးမှာ ငေးခနဲဖြစ်သွားသော Kim Seokjin..
"ကိုယ်လဲကစားမယ်လေ"
သူ့ကို အံ့သြသွားသလိုလေး တချက်ကြည့်ကာ...
![](https://img.wattpad.com/cover/337995979-288-k755260.jpg)
YOU ARE READING
Another Side Of Me [taejinkook] ✅
Fanfictionလူတွေမသိတဲ့ ငါ့ရဲ့နောက်ပုံစံတစ်မျိုးကို ငါကိုယ်တိုင်တောင်အံ့ဩတယ်...