Pt.58

1.1K 190 115
                                    

"ဂျင်လေး နောက်ခါစားချင်တာရှိရင် ကိုယ့်ကိုပြောလေ ..အဲ့လို တစ်ယောက်တည်း မဆင်းသွားရဘူးနော်"

ကားပေါ်တွင် ငြိမ်ငြိမ်ဆိမ်ဆိမ်လေးပါလာသည့် သူလေးကိုပြောနေသည်...

သူလေးကတော့ ကြားမကြားမသိ... ကားမှန်ဘေးတဖက်မှ လှမ်းမြင်ရသော 24 hours Mart ရှေ့တွင် ဒူးထောက်ကာ ငိုကြွေးနေသည့် လူတယောက်ကို ငေးကြည့်နေသည်..

ရင်ဘတ်က လှိုက်ခနဲဖြစ်လာမှုနှင့်အတူ မျက်ရည်ပေါက်များက ပါးမို့မို့လေးပေါ် လိမ့်ဆင်းလာသည်..

သူဘာလို့ အဲ့လူကိုကြည့်ပီး ၀မ်းနည်းမိတာပါလိမ့်..

အနဲငယ်တိတ်ဆိတ်နေသောသူ့ကြောင့်...

"ဂျင်လေး သိလားလို့ ..ကိုယ့်ကိုကြည့်ပါဦး"

သူလေးကို ထပ်ခေါ်တော့..

"Tata"

"ဟင်"

လှည့်ကြည့်လာသော ထိုသူလေးမျက်၀န်း၌ မျက်ရည်စများ...

ကျွီ !!!...

ထယ်ယောင်းကားကို လမ်းဘေးထိုးရပ်လိုက်သည်..

"ဂျင် ဘာဖြစ်လို့လဲဟင်"

"ဟင့် ဟင့်"

မေးတဲ့သူရှိတော့ ဒီတိုင်းမျက်ရည်ကျနေရာမှ တရှုံ့ရှုံ့ပိုငိုလာသည်...

ထယ်ယောင်းခြေမကိုင်မိ လက်မကိုင်မိဖြစ်ကာ...

"ဘာလို့လဲဟင်.. ကိုယ်ဆူမိသလို ဖြစ်သွားလို့လား.. ကိုယ်က ဆူတာမဟုတ်ဘူးလေ ဂျင်လေးရယ်... ကိုယ်..."

" Tata "

"ဟင်"

ငိုနေရာမှ သူ့ကိုမော့ကြည့်လာသည့် မျက်လုံးလေးများက အရင်လို တလက်လက်မတောက်ပဲ ဖျော့တော့နေသည်..

"ဂျင့်ဒီထဲက နာတယ်"

သူ့ရင်ဘတ်ကို လက်ညှိုးလေးဖြင့် ထိုးပြကာ ငိုမဲ့မဲ့ဖြင့် ပြောလေသည်...

"ဘာလို့လဲ... ရင်ဘတ်အောင့်တာလား.. ဆေးခန်းသွားမယ်..ခုသွားမယ်"

ကားကို အပူတပြင်း ပြန်မောင်းမည်ပြင်တော့...

"စောနက လူတယောက်ကို တွေ့တာ၊ ဂျင့်ဒီထဲက နာတယ်...ဟင့်"

Another Side Of Me [taejinkook] ✅Wo Geschichten leben. Entdecke jetzt