Pt.25

1.3K 168 49
                                    

သူပြောသမျှကို အင်းတစ်ခွန်း သြော်တစ်ခွန်းသာလိုက်နေသည်မို့ ထယ်ယောင်းနောက်ဆုံးလက်နက်ကို ထုတ်သုံးလိုက်သည်... 

“လုပ်စရာရှိတာလေးတွေ စောစောစီးစီးလုပ်ပီးမှ ညကျရင် ကူးနဲ့ အေးဆေးဒိတ်နိုင်မှာလေ ဟင်းဟင်း” 

“သြော်.. ကောင်းတာပေါ့” 

“ဟုတ်ပ.. ဒီနေ့က ကူးနဲ့ Anniversary date ရယ်၊ ဒီကြားထဲမှာ အဆင်မပြေတာလေးတွေရှိတော့ ဒီညကိုတော့ သူ့ကိုအပီပြင် ပြန်ချော့ရမယ်” 

“အင်း Congras ပါ” 

“ညစာအတူစားပီးရင် အဲ့မှာပဲ ညအိပ်ကြမလားလို့၊ ကူးက ကလေးလိုပဲ၊ ဒါပေမဲ့ ချော့ရင်ပျော့သွားပြန်ရော” 

“ကောင်းတာပေါ့.. Have fun ပါ” 

“ဟုတ်.. ကျေးဇူးနော်” 

ထယ်‌ယောင်းပြောချင်တာပြောပီး အောင်နိုင်သူလို လှည့်ထွက်လာပေမဲ့ တံခါးနားရောက်တော့ Kim Seokjin ဘယ်လိုဖြစ်ကျန်ခဲ့မလဲ သိချင်သည်နှင့် ချောင်းကြည့်လိုက်သည်... 

Kim Seokjin ဘေစင်ထဲမှရေနှင့် မျက်နှာတချက်သစ်လိုက်ပုံရကာ ဘေးမှ တဘက်လေးယူ၍ အေးဆေးသုတ်နေသည်ကိုသာ တွေ့ရသည်...

သူအနဲငယ်တော့ ဇဝေဇ၀ါဖြစ်သွားမိသည်... 

Kim Seokjin သည် သူနားလည်ရခက်ခဲသည့်လူပုံစံမျိုးများလား...

~~~~~~~~~××××××××~~~~~~~~~~~~

ထိုစဥ် Jungkook ဖုန်းဆီသို့ ပြန်၀င်လာသောစာတစောင်...

💬 ပီဇာစားနေတယ်

ဟင်... သေချာနေပါပီ၊ ပီဇာဒိတ်လုပ်နေကြတာပဲ...

အံ့သြစရာပဲ၊ ရည်းစားရှိနေရဲ့နဲ့များ ငါနဲ့အိပ်နိုင်သေးတယ်... 

Ken ကလဲဘယ်လိုကောင်လဲ၊ Kim Seokjin နဲ့ငါအိပ်နေတာကို မသိတာလား... ဒါမှမဟုတ် ဘယ်သူနဲ့အိပ်အိပ် ဂရုမစိုက်တာလား...

အနဲငယ်ထွက်စပြုလာသည့် ဒေါသနှင့်အတူ Jungkook အတွေးများက ဂယောက်ဂယက်...

ဘာပဲဖြစ်ဖြစ် ငါ့ဟာလဲငါ့ဟာပဲ၊ သူများဟာလဲငါ့ဟာပဲ...

စိတ်ထဲမှပေါ်လာသော ကလေးဆန်ခြင်းတချို့နှင့်အတူ... 

Another Side Of Me [taejinkook] ✅Where stories live. Discover now