Pt.44

1.1K 174 85
                                    

ဖုန်းခေါ်တော့လဲ စက်ပိတ်ထားသည်ချည်းမို့ ထယ်ယောင်းနားမလည်နိုင်ပေ...

တခုခုများဖြစ်နေသလားလို့ ဂျင့်ကွန်ဒိုသို့ လိုက်သွားကာ တနေ့က သူပွေ့ထားတုန်း ဂျင်ဖွင့်တာမှတ်ထားသော p/wရိုက်ဖွင့်ပြီး ၀င်လိုက်သော်လဲ ဂျင်ကရှိမနေပေ...

သို့ရာတွင် အဆင်သင့်ပြင်ထားသည့် Luggage ကတော့ရှိနေသည်... လေယာဥ်လက်မှတ်တစ်စောင်နှင့်...

ဟင်.. မနက်ဖြန်လေယာဥ်ပဲ...

ဒါ... ဒါဆိုဂျင်က မနက်ဖြန်သွားတော့မှာလား...

တုန်လှုပ်သွားသော အတွေးများနှင့်အတူ သူဆောက်တည်ရာမရ ဖြစ်သွားသည်...

ဘယ်ကို လိုက်ပတ်ရှာရမယ်မှန်းမသိတော့ Namjoon hyung ကိုမေးတော့လဲ သူငယ်ချင်းတွေနဲ့ သွားတွေ့တာနေမှာပေါ့တဲ့...

Jungkook နဲ့များ တွေ့နေလားမသိဘူး...

ဆစ်ခနဲ နာကျင်သွားသည့်ရင်ခွင်သည် မာနကို အနိုင်ရသွားသည်...သူ Jungkook ဆီ ဖုန်းစဆက်လိုက်သည်...

"အင်း...ပြော"

"မင်း ဂျင်နဲ့ရှိနေတာလား"

တဖက်က တိတ်ဆိတ်နေသည်...ထို့နောက်...

"မဟုတ်ဘူး"

"ပီးရော"

ဂျင်ဘယ်မှာပါလိမ့်...

သူစိတ်ရှုပ်စွာဖြင့် အိမ်သို့သာ အရင်ပြန်လာလိုက်သည်...

အိမ်ပေါ်ထပ်သူ့အခန်းသို့ သွားရန်တက်လာစဥ် စာကြည့်ခန်းထဲရှိ Appa ၏ laptop မှ Noti တဒေါင်ဒေါင်တက်လာသံကြောင့် သူခြေလှမ်းများတုံ့သွားသည်...

ခါတိုင်း သူ ကျော်သွားဖြစ်မည်ဆိုပေမဲ့ ခုလိုတိတ်ဆိတ်နေသည့်အိမ်ထဲ၊ ညလိုအချိန်တွင် တဒေါင်ဒေါင်တက်လာသောအသံသည် သူ့ကိုသိချင်စိတ် ပိုပြင်းပြစေသည်...

အထူးသဖြင့် သူနှင့်ခုတလော ဆက်ဆံရေးမကောင်းသော Appa ဆီကို ပို့သည့် msg မို့...

သူအသာကပ်ကာ သွားကြည့်လိုက်တော့...

💬 Mission Complete !!

💬 မသေရင်တောင် disable ပဲ...

💬 Mr Jeon ဒီ video file ကြည့်ပီးရင် သေချာဖျက်လိုက်ပါ...

Another Side Of Me [taejinkook] ✅Where stories live. Discover now