Pt.47

1.2K 206 147
                                    

ထယ်ယောင်းနှင့် ဖုန်းပြောနေစဥ်မှာကို location ရပီဖြစ်သောကြောင့် အဆင်သင့်ထုတ်ထားသော ကားပေါ်သို့ Jungkook တက်လိုက်ကာ အမြန်မောင်းစေသည်...

ထယ်ယောင်းနှင့် ဖုန်းမပြတ်ခင်တွင်ကိုပင် သူလမ်းပေါ်ရောက်နေပီ...

ထယ်ယောင်းပုန်းနေရာကို ရောက်သည်နှင့် သူဘယ်လို၀င်ရမလဲ အစီစဥ်အမြန်ချရသည်... နောက်မှာလဲ သူငှားထားသည့်လူများက ကား၂စီးအပြည့်...

အ‌ရေးပေါ် fire alarm ခလုတ်ကို နှိပ်လိုက်သည့်အပြင် ရှို့လို့ရတာ အကုန်ရှို့တော့ ထယ်ယောင်းပုန်းနေရာရှိလူများ ပိုရုတ်ရုတ်သဲသဲဖြစ်ကာ ထွက်လာသည်...

ထွက်လာသည့် ထယ်ယောင်း၏လူများကို သူ့လူများက အလဲသိပ်နေတုန်း သူအပေါ်ထပ်သို့ပြေးတက်လာသည်...

အစောင့်များများရှိသည့်အခန်းက Kim Seokjin ရှိရာ အခန်းဖြစ်မည်အသေအချာ...

သူ့လူများက တံခါးရှေ့ရှိအစောင့်များကို တိုက်ခိုက်နေစဥ် သူတံခါးကို ဖျက်ကာ၀င်လိုက်သည်...

အခန်းထဲရောက်တော့ မြင်လိုက်ရသည့် မြင်ကွင်းက အသက်ရှူရပ်တန့်မတတ်...

အခင်းဖြစ်သည့်နေ့က အခြေအနေကိုသာ သူမြင်ရင် သွေးပျက်ပီးရူးမှာအမှန်...

ခုတောင် အက်ကွဲနာကျင်သွားရသောရင်ဘတ်ကိုဖိကာ သူကုတင်နား တုန်ယင်စွာတိုးကပ်လာသည်...

Kim Seokjin ခေါင်းမှာ ပတ်တီးဖွေးဖွေး စည်းထားပီး လက်ကလဲ သွင်းလက်စဆေးများကြောင့် ဆေးထိုးအပ်ရာများက ပွပလဲကာ ခရမ်းပုပ်ရောင်သမ်းနေသည်...

နာကျင်နေသည့်နှလုံးသားလေးက ငိုဖို့အချက်မပြသေးပေ...

"အကိုလေး... အမြန်သွားမှရမယ်၊ ကျွန်တော်ချီသွားလိုက်မယ်သူ့ကို... အကိုလေး အရှေ့ကထွက်နှင့်"

ပြောပြောဆိုဆို သူ့လူက Kim Seokjinကို လှမ်းချီရန်ပြင်တော့...

"ဘယ်ကိုထိမလို့လဲ !!"

သူအသံနက်ကြီးဖြင့် အော်လိုက်သည်...

သူ့ကို ကြောင်ကြည့်နေဆဲလူကို...

"ငါပဲချီမယ်... မင်းလမ်းကြောင်းရှင်းထား"

သူ Kim Seokjinလက်ကို သွင်းထားသော ဆေးထိုးအပ်များကို အသာဆွဲဖြုတ်လိုက်သည်...

Another Side Of Me [taejinkook] ✅Where stories live. Discover now