Pt.13

1.3K 178 20
                                    

Jungkook ကားကို ဆက်ပင်မမောင်းနိုင်တော့လောက်အောင် ရင်ထဲဆို့နင့်လာသောကြောင့် လမ်းဘေးတွင်သာ ထိုးရပ်လိုက်သည်...

ကား Steering ကို လက်သီးဖြင့်ထုရင်း....

"ကိုယ်ဘာလို့ကလေးကို ချန်ထားမိခဲ့တာလဲကွာ.. ကတိပေးထားရဲ့နဲ့ သတိမေ့ချင်တဲ့ ဦးနှောက်...မေ့ချင်ဦး"

သူ့ခေါင်းကိုသူ ပြန်ရိုက်ထု‌နေမိသည်....

ဘယ်ချိန်ကစ လွဲခဲ့တာလဲ?

~~~~~~~~~××××××××~~~~~~~~~~~~

လွန်ခဲ့သည့် ၁၅ နှစ်ခန့်က....

Appa ခရီးထွက်ရာနောက်သို့ Jungkookနှင့် Ommaပါ လိုက်လာသည်....

အလုပ်ကိစ္စနှင့်တည်းခိုရာ Appa မိတ်ဆွေတစ်ယောက်အိမ်အနီးရှိ မိဘမဲ့‌ဂေဟာလေးဖက် Jungkook မယောင်မလည် လျှောက်လာရာ ကလေးအရွယ်စုံ ကစားနေတာ တအုပ်လိုက်ကြီးကို တွေ့လိုက်သည်.... သူက တယောက်တည်းသမားမို့ သွားမရောရဲပေ....

ထို့ကြောင့် မိဘမဲ့‌ဂေဟာ ၀င်ပေါက်နားလောက်မှသာ ငေးကြည့်နေသည်....

တဦးတည်းသော သားလေးဖြစ်သည့်အပြင် တသီးခြားဆန်သော Appa ကြောင့် သူငယ်စဥ်ကတည်းက အပေါင်းသင်းမဲ့ခဲ့ရသည်....

ထိုစဥ်....

"ဒေါက်"

"အ့.."

သူ့ခေါင်းကို ဒေါက်ကနဲလှမ်းခေါက်လိုက်သောကြောင့် Jungkook ခေါင်းလေးကိုပွတ်ကာ တရားခံကိုရှာလိုက်တော့ လက်တဖက်က အနီရောင်အသဲပုံခေါင်း ပါသည့်အရုပ်ကလေးကိုင်ကာ လက်တဖက်က ဒန့်သလွန်သီးလေးကိုဆုပ်ကိုင်၍ သူ့ကိုပြူးပြူးလေးကြည့်နေသောကလေးငယ်တစ်ယောက်....

သူ့ထက်တော့ငယ်မည်ထင်သည်.... ကိုယ်လုံး သေးသေးလေး၊ မျက်နှာလေးကလဲ နုနုသေးသေးလေး....

"ဘာလို့ငါ့ကို ခေါင်းလာခေါက်တာလဲ"

သူစွာတာတာမေးလိုက်သည်ဟု သူ့ဖာသူထင်လိုက်သော်လည်း တကယ်တော့ ဘာလို့ငါ့ကိုခေါင်းလာခေါက်တာလဲဟင် ဟုချိုအီစွာ မပြောရုံတမယ်ပင်....

သူ့ခေါင်းကိုပွတ်ရင်း ထိုကလေးနားကပ်သွားတော့ သူလေးကကြောက်သွားသလို အနောက်ကိုဆုတ်သွားသည်....

Another Side Of Me [taejinkook] ✅Hikayelerin yaşadığı yer. Şimdi keşfedin