မနက်ခင်း သူနိုးလာတော့ ညကအိပ်ပျော်ခဲ့သည့် ဧည့်ခန်းထဲက ဆိုဖာပေါ်မှာပဲ ရှိသေးသည်...
တိတ်ဆိတ်နေသည့် အိမ်ခန်းလေးသည် အထီးကျန်ဆန်လွန်းလှသည်...
ပြတင်းပေါက်ကို ဖွင့်လိုက်တော့ နေရောင်ခြည်နွေးနွေးက ဖြာကျနေလျက်... အပြင်မှာ ငှက်ကလေးများက သူ့သဘာ၀အလျောက် အော်နေကြသည်... သစ်ရွက်ကလေးများကလဲ လှုပ်ခတ်နေဆဲ... အရာရာသည် ပုံမှန်လည်ပတ်နေသည်...
ဒါပေမဲ့ ထိုပုံမှန်အရာများနှင့် နေသားမကျနိုင်သည်ကသူ...
"Kim?"
ဖြတ်ခနဲများ မြင်ရမလားဟု မျှော်လင့်ကာခေါ်မိသည်...
ခါတိုင်းဆိုလျှင် Kim Seokjinက မီးဖိုချောင် သို့ ရေချိုးခန်း သို့ ၀ရံတာ တနေရာမဟုတ် တနေရာမှာရှိတတ်သည်... ထိုသူ့အရိပ်ကလေးကို မြင်လိုက်လျှင်ပင် နွေးထွေးသွားတတ်သော ရင်အစုံသည် ခုတော့အစိပ်စိပ်အမွှာမွှာကွဲကြေခဲ့ပီပဲ...
ရေချိုးသန့်စင်ရန် ရေချိုးခန်းထဲ၀င်လိုက်တော့ ပိုင်ရှင်မဲ့သွားပွတ်တံလေးက သူ့ကိုလှောင်ပြနေသလို...
မသိကျိုးကျွန်ပြုကာ သူ့သွားပွတ်တံလေးယူပီး သွားတိုက်နေမိသည်... မျက်နှာချင်းဆိုင်မှန်ထဲမှ မြင်နေရသော သူ့ပုံရိပ်က ငိုနေသည်တဲ့လား...
မျက်ရည်များကို ခပ်ကြမ်းကြမ်းပွတ်သုတ်ကာ ရေချိုးခန်းထဲမှ ပြန်ထွက်လာလိုက်သည်...
သူယောင်ချာချာဖြင့် မီးဖိုချောင်ဖက်သို့သွားကာ ဗီဒိုထဲမှ expired မဖြစ်သေးသည့် cereal တချို့ကို ရေနွေးဖြင့်ဖျောစားရန်တွေးမိသည်...
မီးဖိုချောင်ထဲရှိ Kitchen Counter လေးနားအရောက်တွင် မြင်ယောင်လာသည်က ထိုစင်ပေါ်, သူ Kim Seokjin ကို ပွေ့တင်ပီး မွတ်မွတ်သိပ်သိပ်နမ်းရှိုက်ခဲ့ပုံ... ဒီနားလေးမှာပဲ သူ့လိုအင်ဆန္ဒရမ္မက်တွေကို ဖြည့်ဆည်းပေးခဲ့ဖူးပုံ...
(ငါမရှိတဲ့အချိန် မင်းတယောက်တည်း စားစရာလုပ်ရင်း သတိရနေအောင်လေ Kim)
(လူယုတ်မာ)
(ဟိဟိ)
ဟက်... အရင်က Kim Seokjin အတွက် သူချန်ခဲ့တဲ့အမှတ်တရက ခု သူ့အတွက် ကျန်ခဲ့တာပဲ...
YOU ARE READING
Another Side Of Me [taejinkook] ✅
Fanfictionလူတွေမသိတဲ့ ငါ့ရဲ့နောက်ပုံစံတစ်မျိုးကို ငါကိုယ်တိုင်တောင်အံ့ဩတယ်...