Pt.5 🚨

2.1K 174 8
                                    

"ဟ ဟ"

ရယ်သံခပ်လွင်လွင်လေးကြောင့် Jungkook ခေါင်းကိုငုံ့ထားရာမှ မျက်နှာချင်းနီးကပ်စွာရှိနေသော Seokjin ကို ကြောင်တောင်တောင်လေးမော့ကြည့်လိုက်သည်..

Company တွင်လဲ အရယ်ပြုံးမြင်ရခဲသော Seokjin၊ စနောက်ချင်နေသည့်မျက်လုံး‌ လေးများကြောင့် သူဇဝေဇဝါ‌ဖြစ်နေသည်...

"ငါအဲ့လောက်မရက်စက်တတ်ပါဘူး"

သူ့မျက်နှာနှင့် နီးကပ်စွာရှိနေရာမှ Seokjin ရုတ်တရက်ထရပ်လိုက်သည်...

"ဒါ‌ပေမဲ့ ငါကလဲအတည်ပြော‌နေတာပါ"

သူ့ကိုကျောပေးထားသော Seokjin လက်ကို သူဒူးထောက်ရက်သားလှမ်းကိုင်လိုက်သည်...

သူ့ဖက်ပြန်လှည့်လာသော Seokjin သူဆုပ်ကိုင်ထားသောလက်ကိုတော့ မရုန်းပေ...

"ဒါဖြင့်ဒီလိုလုပ်လေ.. မင်းငါဘာပြောပြောလုပ်မှာမလား"

"အင်း"

"ဒါဆို အဲ့ညကမင်းပဲဆန္ဒပြည့်သွားတာ၊ ငါကဘာမှန်းတောင်မသိလိုက်ဘူး"

"uhmm....?"

"အဲ့တော့ ငါ့ကိုမင်းလိုကောင်းအောင်ပြန်လုပ်ပေး၊ ဒါဆိုရပီ"

"ဘာ.. ဘာလို့ငါ့ကို မ....."

Seokjin သူ့ကိုမကြည့်ပဲ ပြောလိုက်တာက တိုးတိုးလေးမှ တကယ့်တိုးတိုးလေး၊ ဒါပေမဲ့ သူ့ရင်ခွင်တစုံကို လှုပ်ခါသွားရလောက်အောင် ပြင်းထန်သည်...

"ငါနာကျင်ရသလို မင်းကိုမခံစားစေချင်လို့"

စကားအဆုံးတွင် ခပ်ဖွဖွပြုံးပြလာသော ထိုကောင်လေး ဘယ်လိုတွေတောင် ရိုးရှင်းဖြူစင်ရတာလဲ.. ထိုအခိုက်အတန့်လေးတွင် Jungkook သူ့အသက်ကို ပေးရဆိုရင်တောင် ပေးဖြစ်မှာသေချာသည်...

ပြောနိုင်တာတခုက ဒီကောင်လေးသည် ရိုးမလိုနှင့်လျှို့၀ှက်ဆန်းကြယ်သလို တခါတရံတော့လဲ ပဟေဠိဆန်တယ် ထင်ရပေမဲ့ထင်ထားတာထက်ကိုရိုးရှင်းလွန်းလှသည်..

သူဒီထက်ပိုပီး ဒီကောင်လေးကိုမထိခိုက်စေရဟုဆုံးဖြတ်ရင်း ...

~~~~~~~~~×××××××××~~~~~~~~~

အေးစက်နေသော အဲကွန်းခန်းလေးတွင် ချွေးစို့ချင်လာသော Jungkookတစ်ယောက်၊ ရေအရင်ချိုးမည်ဟုပြောသော Seokjin ကိုစောင့်နေရသည်မှာ တစ်ကမ္ဘာကြာနေသလိုပင်..

Another Side Of Me [taejinkook] ✅Where stories live. Discover now