Pt.14

1.2K 196 10
                                    

Baby Jungkook ငိုရင်း သူတို့တည်းသည့်အိမ်ကို ပြန်ပြေးလာသည်....

"ဟဲ့.. သားသား Jungkook လေး ဘာဖြစ်လာလဲ Omma ကိုပြော"

"ဟို၀င်းထဲက သားသားသူငယ်ချင်းဆီသွားချင်လို့"

"သြော်.. သွားလို့မရဘူးလေ သားသားရယ်"

"ဟင့် ဟင့်"

သူ့အလိုမလိုက်တော့ မျက်ရည်ပေါက်က ပါးဖောင်းဖောင်းလေးပေါ် တလိမ့်လိမ့်ကျလာသည်....

ဘယ်လောက်တောင် ဂျီကျနေလဲဆိုရင် ညနေသူ့Appaပြန်လာသည်အထိ ရှိုက်ကောင်းတုန်း....

"ဘာဖြစ်ကြတာလဲဒီသားအမိ"

"Jungkook ဟို မိဘမဲ့ဂေဟာထဲက သူ့သူငယ်ချင်းနေမကောင်းတာ သွားကြည့်ချင်လို့တဲ့"

"ဘာ.. မသွားရဘူး"

သူတို့သားအမိကိုကြည့်ကာ အော်လိုက်သော Appa ကြောင့် Jungkook ကိုယ်လေးပင်တုန်တက်သွားသည်....

အဖေကိုတော့ Jungkook ကြောက်ရတော့ မျက်လုံး၀ိုင်း၀ိုင်းလေးသာ လှန်ကြည့်ပီး အသံတိတ်ဆက်ငိုနေသည်....

ထိုည သူအစားလဲကောင်းကောင်းမစားပေ....

နောက်နေ့မနက်လဲ အစာမရှိသောကြောင့်အောင့်နေသော ဗိုက်ကိုနှိပ်ပီးရှုံ့မဲ့ကာ ဆန္ဒပြနေဆဲ....

နေ့ခင်းလောက်ကျ မိဘတွေမနေနိုင်တော့ပေ.. ထိုမိဘမဲ့ဂေဟာဆီသို့ လမ်းလျှောက်ထွက်လာသည် ....

ထိုစဥ် မိဘများလက်ကိုတွဲကာ လျှောက်နေရင်း Jungkook တွဲထားသည့်လက်ကိုဖြုတ်ကာ က‌လေးငယ်တ‌ယောက်ဆီသို့ ပြေးသွားလေသည်....

ထိုကလေးငယ်ကလဲ အရုပ်အနီလေးကိုင်ထားကာ ခြံပြင်က အပင်အောက်လေးမှာ လက်ထဲက ဒန့်သလွန်ချောင်းလေးနှင့် မြေကြီးပေါ်စာရေးနေလေသည်....

သူ့ဆီ Jungkook ပြေးလာသည်ကိုမြင်တော့ လက်ထဲကကိုင်ထားသမျှပစ်ချကာ သူ့လက်သေးသေးလေးဆန့်ကာ ပြန်ပြေးလာသည်....

"အင့်"

နှစ်ယောက်သား ဖက်မိသွားပီး ဖင်ထိုင်ရက်ကျသွားသည်....

"မင်းနေမကောင်းဘူးဆို..ခုနာသေးလား"

ထိုကလေးမျက်နှာလေးကို Jungkook လက်သေးသေးဖြင့်ထိရင်း မေးလိုက်သည်....

Another Side Of Me [taejinkook] ✅Where stories live. Discover now