ကြေမွနေသော ထယ်ယောင်းနှလုံးသားလေး ဒီထက်ပိုမနာကျင်နိုင်တော့ပေ...
Jungkookကိုသာ အသက်မဲ့စွာ ကြည့်နေမိရင်း ဘယ်ချိန်က သူ့ပါးပြင်ပေါ် မျက်ရည်များကျလာသည်ကိုတောင် မသိတော့ချေ....
"ဘာပြောလိုက်တာ Jeon Jungkook.. ငါမယုံနိုင်လို့ ထပ်ပြောပါဦး"
"ကိုယ့်ကိုထပ်မပြောခိုင်းပါနဲ့..ဒါဟာ ပါးစပ်အရသာခံပြောလို့ ကောင်းတဲ့ကိစ္စမဟုတ်သလို အထူးသဖြင့်ယောင်းငယ်ကို ကိုယ်ဒီထက်ပိုပီးမခံစားစေချင်ဘူး"
"ဒါဆို... ဒါဆိုဘာလို့ အဲ့လိုလုပ်တာလဲ!!"
ဒေါသတကြီးဖြင့် အော်လိုက်သောယောင်းငယ်၊ သူ့ကိုမျက်ရည်အပြည့်ဖြင့် စူးရဲစွာကြည့်နေရာ သူကိုယ်တိုင်လဲနာကျင်ရသည်..
"ပြောလေ.. ဘာလို့ ငါ့ကိုသစ္စာဖောက်တာလဲ Jeon Jungkook"
"မဟုတ်ဘူး.. ကိုယ်သစ္စာမဖောက်ဘူး၊ သူ့ကိုကိုယ်မချစ်ဘူး အာ့မို့ယောင်းငယ်ကို သစ္စာဖောက်တယ်လို့တော့ မသုံးနှုန်းနဲ့"
"..........."
"ယောင်းငယ်ကိုချစ်ခဲ့တာ မှန်သောစကားပဲ၊ အာ့မို့ ပြသနာတွေရှုပ်မှာစိုးလို့တောင် ကိုယ့်ဖာသာကြိတ်ရှင်းခဲ့တာ"
ထယ်ယောင်းအရုပ်ကြိုးပြတ်သွားသလိုကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်သည်.....
"မရှိတော့ဘူး.. ငါ့မှာဘာမှမရှိတော့ဘူး"
Jungkook ဘာပြန်ပြောရမယ်မှန်းမသိစွာ ရပ်သာကြည့်နေလိုက်မိသည်.....
"ဘယ်ကတည်းကလဲ.. ဘယ်ကတည်းက ငါ့နောက်ကွယ်မှာ ဖောက်ပြန်နေတာလဲ"
"ဖောက်ပြန်နေတယ်လို့မသုံးနဲ့၊ ကိုယ်ပြောပီးပီ ကိုယ်သူ့ကိုမချစ်ဘူးလို့"
"အာ့ဆိုမတော်တဆအိပ်မိတာလား? ဘယ်နှခါလဲ? တခါပဲမှားသွားတာလား?"
Jungkook ဘာမှပြန်မပြောမိ...
"ဟမ် ပြောလေ.. တခါမကဘူးလား"
"ဟင့်အင်း တခါမကဘူး"
"ဘာ.. ဒါနဲ့များ သူ့ကိုမချစ်ဘူးဆို.. တခါမကပဲ အဲ့လူတစ်ယောက်တည်းဆီမှာ သွားသွားအိပ်နိုင်တာ အဲ့လူကိုချစ်တာမဟုတ်ရင်ဘာလဲ"
YOU ARE READING
Another Side Of Me [taejinkook] ✅
Fanfictionလူတွေမသိတဲ့ ငါ့ရဲ့နောက်ပုံစံတစ်မျိုးကို ငါကိုယ်တိုင်တောင်အံ့ဩတယ်...