Pt.61

1.2K 195 146
                                    

"Kookie ya..."

Jungkook ရှေ့‌တောင် ဆက်မတိုးနိုင်တော့ပေ...

သူ့ခြေထောက်များ သံမှိုစွဲထားသကဲ့သို့ ဖြစ်လာကာ ရင်ထဲမှ လှိုက်တက်လာသော ၀မ်းနဲမှုကြောင့် Kim Seokjin ကို တွေတွေကြီးကြည့်ကာ ရပ်နေလေသည်...

သူ့နားတရွေ့ရွေ့ ကပ်လာသော Kim ကို မယုံနိုင်သေးသလို ကြည့်နေကာ နှုတ်ခမ်းပါးလေးက တဆတ်ဆတ်တုန်လာသည်..

သူနှင့်မျက်နှာချင်း နီးကပ်စွာရှိလာတော့ ဒီကိုယ်သင်းနံ့လေး... သူ ၅နှစ်ကြီးများတောင် ‌‌ဝေးကွာနေခဲ့ရသည့် ဒီကိုယ်သင်းနံ့လေး..

သေချာနေပီပဲ.. သူ့မျက်စိရှေ့က ဒီကောင်လေးသည် သူ နောက်ကမ္ဘာထိတောင် သွားရှာဖို့ကြံခဲ့သည့် ကောင်လေးပဲ..

ထိန်းချုပ်ထားသည်များကို လွတ်ချလိုက်တော့...

"အင့်.."

Jungkook ရှိုက်သံနှင့်အတူ လက်သီး၂ဖက်ကိုဆုပ်ကာ Kim ရင်ဘတ်ကို ထုလေသည်..

"ပြောတော့... ပြောတော့ဖြင့် ငါ့ကိုထားသွားစရာလားဆို...အင့်..ဟင့်.."

အာ့..!!

အနွေးထည်၀တ်ထားလို့ မနာပေမဲ့ Jungkook အားနှင့်ဆိုတော့ Kim အနဲငယ်ယိုင်သွားသည်..

သို့သော်လည်း Jungkook ပါးပြင်ပေါ် စတင်လိမ့်ဆင်းလာသော မျက်ရည်များကြောင့် စိတ်ပူသွားဟန်ဖြင့် ရှေ့ပြန်တိုးလာသည်..

သူတို့နီးကပ်သွားတော့ Jungkookက အတင်းဆွဲဖက်ကာ Kimမျက်နှာလေးကို မယုံနိုင်စွာ ထိကိုင်ကြည့်နေမိသည်..

"Kookie ya..." 

Kim ဆီမှ အသံထပ်ကြားတော့..

"အင့်...ဟင့်..ဟင့်...အီးးးဟီးးးးဟီးးးးးး"

Jungkook ကလေးငယ်လို စတင်ငိုကြွေးလေတော့သည်...

"ဘာလို့...ဘာလို့ ငါ့ကိုအကြာကြီးထားခဲ့တာလဲ... ဘာလို့လဲ..အီးးးးဟီးးးဟီးးး"

Kim အရိုးများကျိုးကြေသွားမတတ် အတင်းဖက်ထားရာမှ လက်များပြေလျော့လာကာ ခြေမခိုင်တော့ပဲ ဒူးထောက်ရက်ထိုင်ကျသွားသည်...

"ဟင်..ငါက ထားခဲ့တာ?... မင်းကို?"

Kim နားမလည်နိုင်သလိုဖြစ်ကာ ကြောင်စီစီလေးမေးလိုက်သည်..

Another Side Of Me [taejinkook] ✅Where stories live. Discover now