Pt.11

1.3K 180 10
                                    

အကတိုက်ရာအခန်းထဲ ဆူညံနေသော သီချင်းသံနှင့်အတူ ဘယ်အပိုဒ်ဆိုဘယ်လိုပုံစံနှင့်ဘယ်လိုက ဆိုပီး တယောက်ချင်းစီ သေချာသင်ပေးနေသော Kim Seokjin ပုံစံကအရမ်းကို Pro ကျလွန်းလှသည် ....မသိရင်သူက Idol တယောက်လိုပင် ...

ရှုပ်နေသည့် ရှေ့ဆံပင်‌ပျော့ပျော့‌များကိုထိန်းရန် Headband အနက်လေးကို စည်းထားသေးသည် ...

နေပါဦး...ဒီလူ ဆံပင်ခရမ်းရောင် ဆိုးထားတာလား...

၀တ်ထားသည့် လက်ရှည်ပွပွကြီးတွင် အနက်ရောင် Headband လေးနှင့် ဆံပင်ခရမ်းရောင်လှလှကြား ဖြူဖွေးဥနေသော မာန်အပြည့်နှင့်မျက်နှာလေးကအထင်းသား ...

၀တ်ထားသည့် လက်ရှည်ပွပွကြီးတွင် အနက်ရောင် Headband လေးနှင့် ဆံပင်ခရမ်းရောင်လှလှကြား ဖြူဖွေးဥနေသော မာန်အပြည့်နှင့်မျက်နှာလေးကအထင်းသား

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Jungkook အနားကခုံတလုံးတွင် ခြေချိတ်ထိုင်ကာ Kim Seokjin ကို တမေ့တမောကြည့်နေမိသည်.... ထိုခဏလေးတွင်သူစိတ်ညစ်ညူးနေတာတွေတောင် မေ့သွားသလိုပင်....

"ဟင် Jeon ဒီကိုဘယ်လိုရောက်?"

အနားရောက်လာကာနှုတ်ဆက်သော Kim Seokjin ကြောင့် သူလှုပ်လှုပ်ရှားရှားဖြစ်သွားရပြန်သည်...

Kim Seokjin နဖူးတွင်အနည်းငယ်စို့နေသော ချွေးစက်လေးများကိုအသာသုတ်ရင်း ရေဘူးဖွင့်ကာ မော့သောက်နေပြန်သည်....

ခေါင်းကိုမော့ကာနှုတ်ခမ်းလုံးလုံးလေးက ရေဘူးအ၀လေးကိုထိပီး တကျိုက်ချင်းသောက်နေတာအနီးကပ်မြင်ရတော့ Jungkook ရေတောင်ဆာလာသလို...

အင်း သူတကယ်ရေဆာတာပါ....

"အာ.. အင်း.. ဒီတိုင်းပဲ ကိစ္စလေးရှိလို့လာတာ"

"သြော်"

သူ့ဖက်ကို ခန္ဓာကိုယ်လှည့်ကာ သက်တောင့်သက်သာထိုင်ရင်းပြောနေသော Kim Seokjin ပုံစံက သူနှင့်ဘာမှမဖြစ်ခဲ့သလို.....

Another Side Of Me [taejinkook] ✅Where stories live. Discover now