Pt.19

1.3K 176 16
                                    

“ဗျာ..” 

သူထူပူသွားသည်.. ယောင်းငယ်အခန်းထဲပြေး၀င်သွားကာ စိုးရိမ်စိတ်ကြီးစွာဖြင့် ယောင်းငယ် ကိုယ်လေးကို ပွေ့ယူလိုက်သည်….. 

“ယောင်းငယ်.. ယောင်းငယ်.. သတိထားဦးလေ” 

ပါးလေးကို ပုတ်ကာနှိုးသော်လည်း လုံး၀မလှုပ်တော့ပေ….. 

“Appa.. လုပ်ပါဦး.. ကားထုတ်ပါ ၊ ဆေးရုံပို့မယ်” 

လမ်းတွင်... 

“ယောင်းငယ်.. ယောင်းငယ်... ထပါဦးကွာ” 

သူ၀မ်းနဲစိုးရိမ်မှုများကြောင့် ဘာလုပ်ရမယ်မှန်းတောင်မသိတော့ချေ….. 

သူ့လုပ်ရပ်များ အရမ်းလွန်နေသည်ကိုလဲသိသည်.. ယောင်းငယ်ကိုသူ‌တမင် နာကျင်စေရိုးစိတ်မရှိချေ.. သို့ရာတွင် သူမဖုံးကွယ်ထားချင်တာရော၊ ယောင်းငယ်နှင့် ပြတ်ပြတ်သားသားအခြေနေတခုမှာ နေချင်တာရောကြောင့် သူဖွင့်ပြောမိတာ….. 

“ကိုယ့်အပြစ်ပါယောင်းငယ်.. ကိုယ့်အပြစ်တွေပါ” 

လမ်းတလျှောက်လုံး သူယောင်းငယ်ကို တင်းကြပ်စွာဖက်ကာ တဖွဖွပြောနေမိသည်.. 

~~~~~~~×××××××××~~~~~~~~~~~~

“စိတ်ပူစရာမရှိ‌တော့ပါဘူး၊ အိပ်ဆေးက ပြန်စုပ်ထုတ်နိုင်တဲ့ပမာဏမို့ ခုကအဲ့ဒဏ်အရှိန်နဲ့မို့အိပ်နေတာပါ” 

တော်သေးသည်.. ဆေးရုံက သူတို့ Companyက သီးသန့်လုပ်ထားသည့် Privateဆေးရုံမို့... ခုလဲဆရာ၀န်က အများကြီးမမေးပေ။ သူတို့လောကမှာ စိတ်ကျရောဂါဖြစ်တတ်တာတွေက မထူးဆန်းတော့ သူတို့ကုပေးနေသည့် လူနာတွေအကြောင်း မသိသင့်တာမမေးရန်မှာ သူတို့တာ၀န်ဖြစ်သည်... စိတ်ရောဂါကုဆရာ၀န်ဆိုရင်တော့ တမျိုးပေါ့လေ...

ဆေးအရှိန်နှင့် အိပ်မောကျနေသော ယောင်းငယ်၏ လက်ကလေးကိုကိုင်ကာ သူယောင်းငယ်ကိုကြည့်နေမိသည်.. 

နေ့ချင်းညချင်း ချောင်ကျသွားသော ဒီကောင်လေး ၊ သူအတော်ကိုအပြစ်ကြီးကြီးလုပ်မိထားတာပဲ.. 

ရှေ့ဆက်ဘာလုပ်ရမလဲ ချက်ချင်းမတွေးနိုင်ပေမဲ့ ဒီလိုအခြေနေထပ်မဖြစ်အောင် သူစိတ်ရှိတိုင်းမလုပ်ဖို့တော့ သူ့ကိုသူသတိပေးရမည်… 

Another Side Of Me [taejinkook] ✅Where stories live. Discover now