Pt.16 🚨

2.1K 169 14
                                    

“ဟင်” 

“ဟုတ်တယ်လေ.... ငါကြားဖူးတာတော့ စိတ်ညစ်ရင် တယောက်ယောက်နဲ့အိပ်လိုက်၊  စိတ်ဖိစီးတာ သက်သာတယ်ဆိုလား၊ အဲ့စိတ်ဖိစီး‌စေတဲ့ ဟော်မုန်းတွေက ထွက်သွားတယ်ဆိုလား” 

“ဟင်”

ဝိုင်းစက်နေသောမျက်လုံးလေးနှင့်အပြိုင် နှုတ်ခမ်းလေးပါ အပြိုင်ဝိုင်းနေသော Jeon Jungkook...

“မင်းသဘောပါ.. ငါလဲ မင်းကိုဘယ်လိုနှစ်သိမ့်ရမလဲ အကြံကုန်နေလို့ ကြားဖူးတာပြောပြတာ” 

သူ့ကိုကြည့်ကာ ရေနွေးကြမ်းသောက်ရင်း ပြောနေသော Kim Seokjin ကို သူအကြီးအကျယ်ဆွံ့အမိ…. 

ဘယ်လို‌ကောင်‌ကလေးပါလိမ့်…. 

Kim Seokjin သည် သူဖတ်ရခက်ခဲသည့် စာအုပ်ကြီးတစ်အုပ်သာဖြစ်သည်…. 

နေပါဦး..သူရှော့ခ်ရသွားတာနဲ့ပဲ စိတ်ညစ်နေတာတွေတောင် ဘယ်နားရောက်သွားပါလိမ့်…. အစကနေ ပြန်ကောက်ရတော့မယ်…. 

“မင်း ကင်မ်ထယ်ယောင်းအပေါ် သစ္စာဖောက်မိသလိုခံစားနေရလို့လား” 

“ဟင်.. မဟုတ်ပါဘူး... ငါယောင်းငယ်နဲ့လဲ ပြတ်ပြတ်သားသား ပြောရမှာ‌တွေရှိတယ်၊ ခုအဲ့လို သူ့ကိုအားနာတာမျိုးကြောင့် မဟုတ်ဘူး” 

“အာ့ဆို ဘာဖြစ်လို့လဲ” 

ပြောရင်း သူ့မျက်နှာနားကပ်လာသော Kim Seokjin ၏ မျက်နှာ၀င်းမွတ်မွတ်လေးကိုကြည့်ရင်းသူ…. 

“ဂလု..” 

တံတွေးမျိုချသံများ ကျယ်သွားလားမသိ…. 

“ငါ့စိတ်ဖိစီးတာအတွက်နဲ့တော့ မင်းကိုအသုံးချသလိုဖြစ်မှာစိုးလို့” 

“မစိုးရိမ်ပါနဲ့..ငါက အသက်မပြည့်သေးတဲ့ ကလေးလဲမဟုတ်ဘူး၊ ငါလိုချင်ရင် မင်းမှမဟုတ်ဘူး ကြိုက်တဲ့နေရာမှာ အဆင်ပြေတဲ့သူတွေ့ရင် လိုက်သွားမိမှာပဲ၊ အဲ့တော့ ငါ့ကိုအားနာစရာမလိုဘူး” 

မဝံ့မရဲဖြစ်နေသည့်သူ့အတွေးက Kim Seokjin နောက်ဆုံးပြောလိုက်သောစကားကြောင့် ပြောင်းလဲသွားသည်…. 

“ဟင့်အင်း... မင်းလိုချင်ရင် တခြားမှာသွားမရှာပါနဲ့၊ ငါပေးမှာပေါ့” 

Another Side Of Me [taejinkook] ✅Where stories live. Discover now