Pt.54

1.1K 187 76
                                    

ကင်မ်လေး သူ့ဘ၀ထဲမှ ထွက်သွားခြင်းသည် လူချည်းထွက်သွားသည်သာမဟုတ်၊ သူ့ပျော်ရွှင်ခြင်းများကိုပါ ယူဆောင်သွားပုံရသည်...

ပျော်ရွှင်မှုများ ဆိတ်သုဥ်းသွားသော်လဲ ကင်မ်လေးအပေါ် သူ မရည်ရွယ်ပဲ လုပ်ခဲ့မိသည့် နာကျင်မှုတွေကြောင့် သူအသက်ရှင်နေသမျှ တလျှောက်လုံး နောင်တများ တပွေ့တပိုက်နှင့် နေသွားသင့်ပါသည်လေ... ငိုကြွေးနေဖို့တောင် မထိုက်တန်သောသူပင်...

📖 Las Vegas ကနေ Korea ပြန်ရောက်တော့ ငါတို့ထပ်မတွေ့ဖြစ်ဘူး...

📖 ဒါပေမဲ့ တနေ့မှာ မင်းကြက်ကြော်တွေ၀ယ်ပီး အကတိုက်နေတဲ့ TXTတို့ကို လာအားပေးတော့ မင်းကို မြင်လိုက်တာနဲ့ အဲ့ညက အဖြစ်ပျက်တွေ ပြန်မြင်‌ယောင်ပီး ငါ့ရင်တွေ ၀ုန်းဒိုင်းကြဲနေလိုက်တာများ၊ ရင်ဘတ်နားသာ mic ကပ်ထားရင် တဒိန်းဒိန်းမြည်သံ အကျယ်ကြီး ကြားနေရမှာပဲ...

ငါရောပဲလေ... ငါဘယ်လောက် မူပျက်နေလဲ မင်းသတိမထားမိလို့ပါ...

မင်းမျက်နှာလေးက အစိတ်အပိုင်းတိုင်းကို သတိလက်လွတ်ငေးနေမိတဲ့ငါ၊ အဲ့ညက အကြောင်းတွေတွေးရင်းနဲ့ အာတွေတောင် ခြောက်နေခဲ့တာ မင်းမှမသိတာ...

📖 ငါက အဲ့ညအတွက် အဖြည့်ခံနေရာမှာဆိုပေမဲ့ ငါ့မသိစိတ်ရော၊ သိစိတ်ကပါ မင်းကို ပြန်တွေ့ချင်နေမိတာ...

မဟုတ်ပါဘူး... ငါမင်းကို အဖြည့်ခံလို့ ဘယ်တုန်းကမှ သဘောမထားပါဘူးကွာ... မင်းလဲ ကိုယ့်ကိုကိုယ် အဲ့လို သဘောမထားပါနဲ့... ငါရင်နာလွန်းလို့ပါ...

📖 မင်းက ငယ်ငယ်ကလို ချစ်စရာလေးမဟုတ်တော့ဘူး၊ Bad boy ဖြစ်နေပီပဲ...

📖 တောင်းပန်ချင်လို့ဆိုပီး ကားပါကင်ထိလိုက်လာတော့ ငါလေ "အဲ့လိုဆို ငါတို့သူငယ်ချင်းလုပ်ကြမလား" ဆိုပီး ပြောချင်လိုက်တာ... မင်းလိုက်လျောမှာ သေချာတယ်...

📖 ဒါပေမဲ့လေ ထယ်ယောင်းမျက်နှာ မြင်ယောင်မိတော့ ငါစိတ်ပြောင်းလိုက်တယ်... ဒီထက်ပို လောဘမတက်ခင် ငါမင်းနဲ့ မပတ်သက်တာ အကောင်းဆုံးမို့

သူ့ရင်ဘတ်များ ပြန်လည်တင်းကြပ်လာသည်...

အေးတိအေးစက်လို့ ထင်ခဲ့တဲ့ Kimရဲ့ခေါင်းလေးထဲမှာ ဘယ်လောက်တောင် ချီတုံချတုံဖြစ်ခဲ့ရရှာမလဲ...

Another Side Of Me [taejinkook] ✅Where stories live. Discover now