Pt.33

1.3K 191 43
                                    

မတွေ့ရတာ ၂ရက်မှာ ဖုန်းထဲက မဖျက်ရသေးတဲ့ Kim Seokjin ပုံလေးကိုပဲ ပြန်ပြန်ကြည့်နေမိတာ ဘယ်နှခါရှိမှန်းမသိဘူး...

ဟိုးတလောတုန်းက သူတို့အကကျင့်နေတာကို ထိုင်ကြီးကြပ်နေသော ထိုကောင်လေး...

အနက်ရောင် အင်္ကျီဘောင်းဘီတိုလေးမှာ အသားလေးက ဖွေးဥနေတာပဲ...

သူတို့ကို အကသင်ပေးတဲ့ဆရာသာ မဟုတ်ရင် ကလေးလေးလိုပဲ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

သူတို့ကို အကသင်ပေးတဲ့ဆရာသာ မဟုတ်ရင် ကလေးလေးလိုပဲ...

သူအရင်ကမမြင်ဖူးသည့် ပျော်ပျော်နေတတ်သည့် Kim Seokjin ပုံစံလေး...

နက်ဖြန်အတွက် ကြိုပျော်နေသော ထယ်ယောင်း ကွန်ဒို၀င်းထဲမှ ထွက်လာသော ကားအနက်ရောင်ကို မြင်လိုက်တော့ အပျော်လေးများ ပျက်စီးသွားသည်… 

ဒါ Jungkook ကားပဲ… 

သူ… သူကဘယ်လို… 

အချက်ပေးသံက ဦးနှောက်ဆီ လျင်မြန်စွာ ရောက်သွားပီးနောက် နှလုံးသားက အချိန်ကိုက်နာကျင်လာသည်… 

ဘယ်တုန်းက ပြန်ရောက်နေတာလဲ… 

ခုဘာလို့ Kim Seokjin ကွန်ဒိုထဲက ထွက်လာတာလဲ… 

သဘောက ရှေ့၂ရက်လုံးသူ Kim Seokjin နဲ့အတူရှိနေတာလား… 

မေးခွန်းပေါင်းစုံ ခေါင်းထဲပြေးနေပီးနောက် ဒေါသကစတင်ထွက်လာပီ… 

Kim Seokjin ခွင့်၃ရက်ယူတာ ဒါကြောင့်ကိုး… ငါ့မှာဖြင့် ငါ့ကိုစိတ်‌ကောက်‌နေတာများလားလို့၊ သူက Jungkook ပြန်လာတော့မှာမို့ အကြောင်းရှာတာ… 

ဤသ၀န်တိုခြင်းသည် ဘယ်သူ့‌‌ကြောင့်ဆိုပီး ခေါင်းစဥ်တပ်ရမည်မှန်း မသိသော်လဲ ထယ်ယောင်းရင်ထဲမှ ဒေါသမီးတောက်က ကြီးသထက်ကြီးလာသည်… 

Another Side Of Me [taejinkook] ✅Where stories live. Discover now