Pt.64 - 𝗙𝗶𝗻𝗮𝗹

3.3K 248 164
                                    

ဂျင်နှင့်ချိန်းဆိုထားရာ နေရာလေးသို့ ထယ်ယောင်း ခပ်ဖြည်းဖြည်းလျှောက်လာရင်း စိတ်လှုပ်ရှားနေမိသည်..

သူ့လက်ကိုဆုပ်ကိုင်ထားသော Jan က..

"လူကြီး.. Jin hyung က နေကောင်း‌ခါစမို့ လူကြီးကပါ စိတ်လှုပ်ရှားလို့ မရဘူးနော်"

"အင်း"

"ပြီးတော့ ငိုလဲငိုမနေနဲ့ဦး"

"အင်း"

ဘေးကနေ တတွတ်တွတ်နှင့် ထုံးစံအတိုင်း ပြောပြီးပါလာသော Jan သည် ဒီတစ်ခါတော့ သူ့ကို အင်အားတစ်ခုပေးနေသလို..

"ဟိုး နားလောက်မှာ စောင့်မှာမလား.. လူကြီးသွားတော့.. ကျွန်တော် လူကြီးကိုဒီနားက‌နေစောင့်နေမယ်"

"အင်း..အင်း"

တရွေ့ရွေ့လျှောက်သွားသော လူကြီး၏ကျောပြင်ကို Jan ငေးကြည့်နေမိသည်..

ထိုစဥ် မိုးတစ်ပေါက် နှစ်ပေါက်စ ကျလာလေသည်...

ဒီနေ့ အချိန်မဟုတ်အခါမဟုတ် မိုးရွာမည်မှန်းသိထားသောကြောင့် ယူလာသောထီးကို ဖွင့်ကာဆောင်းရင်း သူဂျင့်ကို ရပ်စောင့်နေလိုက်သည်..

ဂျင့်ကိုလည်း ထီးယူလာဖို့မှာလိုက်တော့ သူယူလာမှာပါ..

အနည်းငယ်အေးစိမ့်နေသော ရာသီဥတုကိုမှ မိုးဖွဲလေးများ စတင်ကျလာသောလမ်းမကို သူအဓိပ္ပါယ်မဲ့စွာဖြင့် စိုက်ကြည့်နေမိသည်..

သူဂျင့်ကိုတွေ့ရင် ဘာပြောရမလဲ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

သူဂျင့်ကိုတွေ့ရင် ဘာပြောရမလဲ..

ဟင့်အင်း.. ဒီတိုင်းလေးပဲ တွေ့ချင်တာပါ..

နောင် သူတို့ ဘယ်လောက်ကြာမှပြန်ဆုံမယ်မှန်း မသိဘူးလေ..

"ထယ်"

Another Side Of Me [taejinkook] ✅Where stories live. Discover now