Pt.9

1.4K 189 20
                                    

Jungkook ထုတ်တန်းကို ဆွဲကိုင်ထားသောလက်၂ဖက်နှင့် ချိတ်ထားသောခြေထောက်ကိုလွတ်လိုက်ပီး Kim Seokjin ကို တင်းတင်းဖက်ကာ ရေထဲသို့ ဆင်းချလိုက်သည်...

"ဗွမ်း" ‌

"‌ဝေး.."

ကမ်းပေါ်မှ Ken တို့အသင်းကို အားပေး‌နေသောအဖွဲ့များထံမှ ၀မ်းသာအားရ ဟစ်ကြွေးသံကို ကြားလိုက်ရသည်...

"ရှုံးပါပီကွာ"

မျက်နှာလေးဇီးရွက်လောက်သာရှိတော့သော Kim Seokjin...

မတတ်နိုင် ...ခုတောင်သူ့မှာ တဘက် ခပ်ကြီးကြီးပတ်ကာ ဖုံးကွယ်ထားနေရသည်..

သူ့မှာလဲတာ၀န်ရှိတာပဲ..ဟွန်း..ကိုယ့်တယောက်တည်းဆို ဒါမျိုးဖြစ်စရာအကြောင်းမရှိ...

သူ့ကိုလာတွဲခေါ်သော ယောင်းငယ်ကိုဖက်ကာရေချိုးခန်းဆီ အမြန်လျှောက်သွားလိုက်သည်... ယောင်းငယ်အမြင်မှာတော့ ရေအမြန်ချိုးချင်နေသည်ပေါ့ ...

~~~~~~~~××××××××~~~~~~~~~~~

ရေချိုးအပီး ပြန်ထွက်လာတော့ ဆုရသူတွေကိုတောင်ဆုချပီးလို့ ရှုံးသူများကို ဒဏ်ပေးမည့် အစီစဥ်တောင်စနေပီ....

သူနှင့် Kim Seokjin က ပူးတွဲရှုံးသူဆိုပေမဲ့ တယောက်ပဲ punishment ယူရင်ရနေတော့ ဒိုင်လူကြီးက ဘယ်သူ့ကိုအပြစ်ပေးရမလဲဟု အားလုံးကိုမေးသည်...

အကုန်လုံးနီးပါးက တလေသံတည်း...

"Kim Seokjin !!"

မျက်နှာထားတည်တည်လေးနှင့် နေတတ်သည့် Kim Seokjin ကို အကုန်လုံးက စနောက်ချင်ကြသော်လည်း အောင့်အီးနေရသည်ကိုး၊ ဒီချိန်က အကောင်းဆုံးအချိန်ပဲ...

သူ၀င်ပါရန်ပြင်လိုက်စဥ် သူ့လက်ကိုခပ်တင်းတင်းဆွဲလာသော ယောင်းငယ်ကြောင့် ကိုယ်ရှိန်သတ်သွားရသည်...

"ကူး..ယောင်းငယ်ဗိုက်ဆာပီ"

"ဟုတ်လား.. အာ့ဆိုသွားစားတာပေါ့"

သူအကြာကြီးပစ်ထားမိနေတာပဲ.. ယောင်းငယ်လက်ကလေးကိုဆွဲကာ လှည့်ထွက်လာတော့ မျက်နှာငယ်လေးနှင့် ကျန်ခဲ့သော Kim Seokjin ကတော့ အပြစ်ပေးဖို့အစီစဥ်ဆွဲနေသော လူအုပ်ကြီးအလယ်မှာ...

Another Side Of Me [taejinkook] ✅Where stories live. Discover now