Pt.53

1.1K 185 122
                                    

သူ တုန်ရင်နေသော လက်များဖြင့် ပထမဆုံးစာမျက်နှာကို လှန်လိုက်သည်...

ခုမှမြင်ဖူးသည့် Kimရဲ့ လက်ရေးလှလှလေး...

📖 Kookie ya....ဒီနေ့ ငါ့ရဲ့၁၄နှစ်ပြည့်မွေးနေ့...

📖 Appaရယ် Ommaရယ် Hyungရယ်က ငါ့ကို‌ Birthday Partyလေး လုပ်ပေးတယ်...  ကျောင်းက သူငယ်ချင်းတချို့လဲ လာကြတယ်...

📖 မင်းကို ရုတ်တရက်သတိရမိတယ်... မင်းနဲ့သာမခွဲရရင် ငါ့ကို မင်းကHappy Birthdayလို့ ပြောမယ်မလား?

ဒါပေါ့... မနက်၁၂နာရီ ထိုးတာနဲ့  Happy Birthdayပါကင်မ်လေးလို့ ပြောတာ၊ ငါအရင်ဆုံးဖြစ်မှာ...

သူလက်ချောင်းများဖြင့် စာရွက်ကို ခပ်ဖွဖွတို့ထိကာ ပြောလိုက်သည်...

📖 ဒီနေ့ ငါ့ရဲ့ ၁၅နှစ်ပြည့်မွေးနေ့မှာ ရနေကျမွေးနေ့လက်ဆောင်တွေထက် ထူးထူးခြားခြား ငါရလိုက်တာရှိတယ်...

📖 ဒန့် ဒန်...

📖 Korea ပြန်ပီး အဆိုတော်လုပ်ဖို့ Audition သွားဖြေတဲ့ hyung က သူနဲ့တဖွဲ့တည်းကျတဲ့ ငါ့အရွယ် ကောင်လေးတယောက်နဲ့ပုံဆိုပီး ပို့လိုက်တာ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

📖 Korea ပြန်ပီး အဆိုတော်လုပ်ဖို့ Audition သွားဖြေတဲ့ hyung က သူနဲ့တဖွဲ့တည်းကျတဲ့ ငါ့အရွယ် ကောင်လေးတယောက်နဲ့ပုံဆိုပီး ပို့လိုက်တာ...

📖 ဒီလိုကျတော့လဲ ကမ္ဘာကြီးက ကျဥ်းကျဥ်းလေးပဲ Kookieရာ...

📖 ငါပျော်လိုက်တာ... မင်းက ဘာမှမပြောင်းလဲဘူးပဲ... ပိုချစ်ဖို့ကောင်းလာတယ်၊ မျက်လုံးလေးလဲ ၀ိုင်းနေတုန်းပဲ...

သူမျက်ရည်များကြားမှ ပြုံးမိသည်...

ကင်မ်လေးက သူ့ကို အရင်ရှာတွေ့ခဲ့တာပဲ...

ဟက်... သူက တချိန်လုံးဘာလို့ နောက်ကျနေရတာပါလိမ့်...

📖 ဒီနေ့အောင်စာရင်းထွက်တော့ Appaက မေးတယ်... Kimလေး ဘာလုပ်ချင်လဲတဲ့...

Another Side Of Me [taejinkook] ✅Where stories live. Discover now