Pt.7

1.4K 160 10
                                    

ဟင့်အင်း...Kim Seokjin ကို partner အဖြစ် ငါရွေးစရာအကြောင်းမှမရှိတာ.. အဲ့လို၂ယောက်သား ပူးပူးကပ်ကပ်ဖက်ရမယ်ဆို ငါ့ချစ်သူယောင်းငယ်ကိုပဲရွေးရမှာပေါ့.. ငါမှန်တယ်...

အသိစိတ်က ကိုယ့်ဖာသာ ပြန်အားပေးနေသော်လည်း မသိစိတ်မှာ တခုခုကိုစိတ်ဆိုးနေသလို...

ခဏအကြာ သူ့ကိုဖက်ထားသော ယောင်းငယ်လက်များက သူ့ကျောပြင်ကို အသာယာပုတ်ပေးနေသလိုမို့ စိတ်များအနဲငယ် သက်သာသလိုရှိသွားသည်...

ယောင်းငယ်လေးက အကောင်းဆုံး ..

သူခေါင်းတချက်ခါကာ စိတ်ညစ်ညူးနေသည်များကို ခေါင်းထဲမှကြိုးစားထုတ်လိုက်သည်...

"၀ုန်း"

ရေထဲအရင်ဆုံးကျသွားသည်က RM နှင့်
J Hope တို့အတွဲ၊ ၁မိနစ်တောင်မခံ RM တချက်လှုပ်လိုက်တာနဲ့ ဟန်ချက်ပျက်ပီး ကျသွားသည်...

"ဝေးးးး !!"

ကျန်သည့် နောက် ၃တွဲကို ကမ်းပေါ်မှလူများကအော်ဟစ်အားပေးနေကြသည်...

Jungkook ပိတ်ထားသော မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ မျက်နှာချင်းဆိုင်တွင် မြင်နေရသည့်မြင်ကွင်းက အဆင်ပြေမနေပေ...

Kenက သူ့ထက်အနဲငယ်အရပ်နိမ့်သော Seokjinကိုငုံ့ကြည့်နေကာ တခုခုကို တိုးတိုးပြောနေသည်... လက်တဖက်ကလဲ Seokjin ခါး‌သေးသေးလေးကို ဖက်ထားပီး တဖက်က ကျောပြင်လေးကိုအသာယာပုတ်ပေးနေသည်....

Seokjin ခြေသလုံးသွယ်သွယ်လေးကလဲ Kenခြေထောက်သန်သန်မာမာကြားတွင် ညှပ်လို့...

Jungkook လှိုင်းပြန်ထန်ချင်လာသော သူ့ရင်အစုံကိုငြိမ်အောင်ထိန်းနေရသည်...

ထိုစဉ် Ken တစုံတခုထပ်ပြောလိုက်ပုံရသည်၊ Seokjin ခန္ဓာကိုယ်လေး အနဲငယ်လောက် လှုပ်အောင်ရယ်နေသောကြောင့် Kenကသူ့ကို ရင်ခွင်ထဲထဲ့ကာ ခပ်တင်းတင်းဖက်လိုက်တာမြင်တော့ Jungkookတောင့်မခံနိုင်တော့ပေ...

သူဆက်မကြည့်ချင်တော့သောကြောင့် အရှုံးပေးရန်သာ ဆုံးဖြတ်လိုက်သည်...

ထိုစဥ်...

"၀ုန်း"

နောက်တစ်တွဲ ရေထဲကျသွားသံကြားလိုက်သည်..

Another Side Of Me [taejinkook] ✅Where stories live. Discover now