Pt.12

1.5K 189 23
                                    

🦋 Surprise!!! Triple up ပေးလိုက်ပါပီ 🦋

ဘာပြန်ပြောရင်ကောင်းမလဲဟု အသည်းသန်စဥ်းစားနေသောသူ့ကို သူ့ထက်လည်း လူကဲခတ်လုံး၀မညံ့သည့်ကူးက....

"ဟင် .. ပြောလေယောင်းငယ်"

သူ့ပခုံးကိုပါ လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ကာမေးလာသည်.... အချိန်ဆွဲရန် ကြိုးစားနေသောသူက.....

"ဘာလဲ.. ဘာကို ပြောချင်တာလဲကူး"

မျက်လုံးချင်းအကြည့်မဆုံပဲ ပြန်မေးလိုက်သည်.....

သူ့ပခုံးကို ဆုပ်ကိုင်ထားသော Jungkook ၏လက်များ ပြေကျသွားသည်....

"မဟုတ်ဘူးလား? ယောင်းငယ်က သူ မဟုတ်ဘူးလား?"

"ကူး-"

"မထိနဲ့ !!"

ရှေ့တိုးကာ ကူးကိုဖက်ရန် ကြိုးစားသောသူ့လက်ကို ပုတ်ထုတ်ကာ နာနာကျင်ကျင်အော်လိုက်သည်....

သူတခါမှ ကူးရဲ့ပုံစံကို ဒီလိုမျိုးမမြင်ဖူးပေ....  အနည်းငယ်လန့်သွားစိတ်နှင့် ကြောင်ကာရပ်နေမိသည်....

"ဘာလို့လဲ? ဟင့်အင်း .. ဘယ်ကတည်းကလဲ"

ကူးခံစားရသည့်‌ ဝေဒနာ၏အတိမ်အနက်ကို  သိနေသောသူ ခပ်မဆိတ်သာ နေ,နေမိသည်....

ခဏအကြာ ကူးတယောက် ခန္ဓာကိုယ်ကို လှုပ်ခါလာသည့်အထိ စတင် ငိုရှိုက်လာလေသည်.....

"ကူး"

သူ အလန့်တကြား ကူးနားကပ်သွားပြီး ဆွဲဖက်ရန်ကြိုးစားလိုက်သည်....

"ဖယ် !!"

အသံနက်ကြီးနှင့် သူ့ကိုအော်ပြီး တွန်းထုတ်တာသာ ခံလိုက်ရ၏....

သို့ရာတွင် ခဏပင်... သူ့နား ပြန်ကပ်လာကာ သူ့လက်မောင်းရင်း၂ဖက်ကို တင်းတင်းကြပ်ကြပ်ဆွဲကိုင်ရင်း ...

"အဲ့ဒါဆိုရင် သူကဘယ်မှာလဲ? အဲ့ဒီမိဘမဲ့‌‌ဂေဟာမှာ ကျန်ခဲ့တာလား? သူ.. သူ ခုဘယ်မှာလဲ?"

ထယ်ယောင်း နာကျင်စပြုလာသည်....

အစားထိုးခံဘ၀မှာ သာယာချင်ယောင်ဆောင်နေသောဘ၀ကိုလည်း ရွံမုန်းလာသည်....

သို့ရာတွင် ကူးကိုသူချစ်သည်.... ကူးမရှိရင် သူဆိုတာ ဖြစ်လာမည်မဟုတ်ပေ... ခုချိန်ထိနေရာတကာ ကူးကိုအားကိုးပြီးနေတာ သူအသိဆုံး...

Another Side Of Me [taejinkook] ✅Where stories live. Discover now