နိဒါန်း

7.9K 247 8
                                    


Book Name: 撩他入懷 (hold her into his arms)

Author Name: 倪多喜

Status: 112 chapters+ Extra 23

နိဒါန်း

လုမူရှန်းကို ဆုန်ရန် ပထမဆုံးအကြိမ်တွေ့ချိန်တုန်းက၊ သူ့ကိုအပိုင်သိမ်းချင်ခဲ့တယ်၊၊ ဒီတော့ သူမက သူ့နောက် အသည်းအသန်လိုက်ပိုးပန်ခဲ့ပြီး၊‌ နေ့တိုင်း သူ့နောက် နောက်လိုက်လေးတစ်ဦးလိုမျိုး လိုက်လံခဲ့တယ်။ လက်ဆောင်တွေပို့တာတို့၊ သူ့ကို ချစ်ခြင်းထမင်းဘူးပေးတာတို့၊ အနမ်းတွေပေးပို့တာ‌တို့.... ဒါပေမဲ့၊ နတ်ဘုရားကတော့ အရမ်းအေးစက်စက်နိုင်ပြီး သူမကို စကားတစ်ခွန်းလေးတောင်မပြောလာခဲ့လေဘူး။ ယူကျုံးမရဖြစ်သွားတဲ့ဆုန်ရန်က လူပြောင်းလိုက်မယ်လို့ ဆုံးဖြတ်လိုက်ပါတော့တယ်_______

တစ်နေ့တော့၊ သူ့နောက်ကို အမြဲတကောက်ကောက်လိုက်နေတဲ့ ဆုန်ရန်ပျောက်နေတယ်ဆိုတာကို လုမူရှန်းသတိထားမိလိုက်လေတယ်။

ပထမနေ့မှာတော့၊ ကိစ္စမရှိပါဘူးလေ။ သူမလာလေကောင်းတာပေါ့၊ ဒီလိုတိတ်ဆိတ်တာက ရှားလွန်းတာပဲ။

နောက်နေ့၊  တစ်ခုခုကြောင့် နောက်ကျနေတာနေမှာပါ။

တတိယမြောက်ရက်မှာတော့၊ ဒီမိန်းမ ဒီလောက်လေးတောင် စိတ်မရှည်နိုင်ဘူးလား? သူ့ကိုလိုက်ပိုးပန်တာမှ ဘယ်လောက်ကြာသေးလို့လဲ?!

လေးရက်မြောက်နေ့မှာတော့၊ လူတစ်ယောက်က သူ့ကိုလာပြောပြလာတာက__“မင်းနောက်တကောက်ကောက်လိိုက်နေတဲ့ ဘေးအိမ်ကကောင်မလေးက နောက်တစ်ယောက်‌နဲ့အဆင်‌ပြေနေတယ်လို့ ငါသတင်းကြားလာတယ်!”

ဒေါသတကြီးဖြစ်နေတဲ့လုမူရှန်းက ပထမဆုံးအကြိမ်အဖြစ် ဆုန်ရန်ဆီ ချည်းကပ်လာပါတော့တယ်၊ “မင်းအခြားတစ်ယောက်နဲ့အဆင်ပြေနေတယ်လို့ ငါကြားထားတယ်!”

ဆုန်ရန်: “နင်ငါ့ကိုလျစ်လျူရှုမှတော့၊ ငါနဲ့အဆင်ပြေတဲ့လူရှာရမှာပေါ့!”

လုမူရှန်းအမူအရာက နက်မှောင်လာကာ၊ နောက်စက္ကန့်နေတော့ သူမနောက်ကနံရံဆီ သူမကိုတွန်းပစ်လိုက်ရင်း ကြမ်းကြမ်းတမ်းတမ်းနမ်းပစ်လိုက်လေတော့တယ်။ တစ်အောင့်နေတော့၊ ဆုန်ရန်မှာ အနမ်းကြောင့် အသက်ရှုမဝဖြစ်လာကာ၊ လုမူရှန်းကို အလန့်တကြား ကြည့်လာပြီး၊ “နင်...နင်...”

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now