အပိုင်း(၅၆)

508 55 0
                                    

အပိုင်း(၅၆)

ဆုန်ရန်ကန်တာခံလိုက်ရတော့ မိန်းကလေးမှာ လဲကျသွားလေတော့တယ်။ လူတိုင်းလည်း အံ့ဩသင့်သွားကြလေသည်။

သတိပြန်မဝင်လာခင် အချိန်အတော်ကြာ မှင်သက်နေကြလေ၏။

"နင်ဘာလုပ်တာလဲ?! မင်းဘာလို့ လူကိုရိုက်နှက်ရတာလဲ!" မိန်းကလေးနှစ်ယောက်က ပြေးလာကာ အကန်ခံလိုက်ရလို့ ဒူးထောက်လျက်ကြီးလဲကျသွားတဲ့ မိန်းကလေးကို ထူမ,ပေးလိုက်ကြလေတယ်။ သူတို့က အသိအနေထားဖြင့် နောက်ဆုတ်ကုန်ကြကာ အံကြိတ်ပြီး ဆုန်ရန်ကို စိုက်ကြည့်လာကြလေတယ်။

ဆုန်ရန်က သူတို့ထက်အရပ်ရှည်လေတယ်။ သူမက လက်ပိုက်ထားကာ၊ သူတို့အား အထက်စီးဆန်စွာ ကြည့်လာလိုက်ပြီး၊ "ကိုယ့်အစွမ်းအစကိုယ်မသိဘဲ အရင်စလှုပ်လာတဲ့လူက ဘယ်သူလဲ?"

သူတို့ထဲက အသန်မာဆုံးလူက လဲကျသွားလေပြီ။ ထိုအချိန်၌၊ လူတိုင်းက ဒေါသထွက်နေကြတယ်ဆိုရင်တောင်၊ ဘာတစ်ခွန်းမှ ပြန်ခံမပြောရဲလေဘဲ သူမအား မကျေမနပ်စိုက်ကြည့်လိုက်ရုံသာ လုပ်နိုင်ကြလေ၏။

ဆုန်ရန်က သူတို့အားလုံးကို အေးစက်စက် စိုက်ကြည့်လိုက်ကာ၊ နောက်ဆုံးမှာတော့ သူမအကြည့်က ရှဲ့ချင်ကျူးအပေါ် ရောက်လာခဲ့ပြီး၊ "လုကောကို နင်သဘောကျတယ်ဆိုတာ ငါသိတယ်၊ ဒါပေမဲ့ တစ်ဖက်လူရဲ့ဂုဏ်သိက္ခာကို ဖျက်ဆီးချင်တာကတော့ အတော်လေးလူမဆန်တဲ့လုပ်ရပ်ဆိုတာ နင်မသိဘူးလား?၊ နင့်အသက်ဘယ်လောက်ရှိသေးလို့ သူများတကာကို ‌ဒုက္ခပေးမယ့်နည်းလမ်းတွေကို တွေးတောလာရတာလဲ?"

"နင်ဘာတွေပြောနေလဲ ငါမသိဘူး!" ဆုန်ရန်ပြောပြီးသွားတာနဲ့၊ ရှဲ့ချင်ကျူးက သူမအမြှီးတက်နင်းခံလိုက်ရတဲ့အလား အော်ဟစ်လာလေတော့သည်။

ဆုန်ရန်က မျက်လုံးမှေးလာလိုက်ကာ ဘာတစ်ခွန်းမှမပြောလာဘဲ သူ့ကိုစိုက်ကြည့်နေလိုက်တယ်။

ရှဲ့ချင်ကျူးက လက်သီးဆုပ်ထားပြီး ဆုန်ရန်ကို ပြန်စိုက်ကြည့်လိုက်လေကာ၊ အံကြိတ်ပြီး ငြင်းဆန်လာပါလေတယ်၊ "နင်ဘာတွေပြောနေလဲ ငါမသိဘူး။ အွန်လိုင်းပေါ်ကကိစ္စက ငါတို့မဲ့ ဘာမှမဆိုင်နေဘူး! ရူးနေတာ ရပ်လိုက်တော့နော်!"

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now