အပိုင်း(၁၀)

1.2K 129 0
                                    

ယို့၊ မရီးပြန်လာပြီပဲ၊ ငါတို့အစ်ကိုလုဘယ်သွားလဲဟေ့?

အပိုင်း(၁၀)

    ဆုန်ရန်က ထမင်းဘူးတွေကိုဆေးကြောပြီးသွားတာနဲ့ စာသင်ခန်းရှိရာဆီ ပျော်ပျော်ရွှင်ရွှင်ပြန်လာခဲ့လိုက်လေသည်။

    အတန်း၄ကနေဖြတ်သွားချိန်၊ ဟန်ချင်းနဲ့ ရှုဟောင်က အတန်းအပြင်ဘက်မှာရပ်နေကာ၊ နံရံကိုမှီပြီး လျှောက်ကြည့်နေကြလေသည်။

    ဆုန်ရန်အဝေးကနေလျှောက်လာတာကိုမြင်တော့၊ ရှုဟောင်က လေချွန်လိုက်ပြီး ကျီစယ်ချင်တဲ့မျက်နှာဖြင့် "ယို့၊ ငါတို့မရီးပြန်လာပြီပဲ၊ အစ်ကိုလုကောဘယ်မှာလဲ?"

    စိတ်ထဲဘဝင်ဟပ်သွားလေတယ်။ သူ့စိတ်ထဲမှာတော့၊ ဒီကောင်လေးကတော်သားပဲဟလို့ တွေးနေမိလေတယ်။

    ဒီတော့၊ ဆုန်ရန်က ဂုဏ်ယူတကြီးမေးမော့လာလိုက်ပြီး၊ အပြုံးဖြင့်ပြန်ဖြေလာလိုက်လေတယ်၊ "သူအပြင်ထွက်သွားတယ်။"

    အဲဒီဘဝင်ခိုက်နေတဲ့အမူရာလေးနဲ့၊ သူမကိုယ်သူမ တကယ်ပဲ လုမူရှန်းရဲ့ချစ်သူကောင်မလေးလို့မှတ်ယူထားလေတော့၊ 'မရီး' လို့ခေါ်ခံရတာနဲ့ပတ်သတ်လို့ လိပ်ပြာမလုံမဖြစ်နေပါဘူး။

    ရှုဟောင်က ရယ်မောလိုက်ကာ၊ သူ့တံတောင်ဆစ်နဲ့ နံရံကိုထောက်ထားပြီး၊ ဆုန်ရန်အနားတိုးလာကာ၊ သူမအား အပြုံးဖြင့်မေးလိုက်လေတယ်၊ "ရန်ရန်၊ မင်းနဲ့အစ်ကိုလုတို့ အခြေနေဘယ်လိုရှိလဲ?"

    ဆုန်ရန်က မျက်ခုံးပင့်ပြလာကာ၊ ပြန်မေးလာလိုက်တယ်၊ "သူနင်တို့ကိုမပြောပြဘူးလား?"

    ရှုဟောင်: "မပြောပြဘူး။ မင်းမသိလို့၊ ငါတို့အစ်ကိုလုက ဘူးသီးခြောက်ကြီးပဲကွ၊ အခြေနေ‌ကောင်းနေရင်တောင်၊ ငါတို့ကိုပြောပြလာမှာမဟုတ်ဘူးလေ။"

    ဆုန်ရန်က ပြုံးပြလိုက်ပြီး သူမလက်တွေကိုဖြန့်ပြလာကာ၊ နောင်တရသလိုမျိုး ပြောပြလာလေတယ်: "အဓိကအချက်ကတော့ အခုထိဘာမှမဟုတ်သေးတာပဲ။"

    ရှုဟောင်မှာမှင်သက်သွားကာ၊ "တကယ်လားဟ? ဘာအခြေနေမှမရှိသေးဘူးပေါ့?"

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now