အပိုင်း(၄၃)

670 78 0
                                    

အပိုင်း(၄၃)

  ဆုန်ရန်က လုမူရှန်းပေါင်ပေါ်ထိုင်နေလိုက်တယ်၊ ခေါင်းငုံ့ပြီး၊ သူမနှုတ်ခမ်းလေးက လုမူရှန်းနှုတ်ခမ်းတစ်စုံပေါ် ဖွဖွလေးဖိကပ်လာကာ၊ သူ့အားနမ်းလိုက်လေတယ်၊ အဲ့နောက်တော့၊ ချက်ချင်းလွှတ်ပေးလိုက်ပြီး၊ လုမူရှန်းအား ပြုံးပြီးကြည့်နေလိုက်တယ်။

  ဆုန်ရန်ကိုယ်လေးက နူးညံ့အိစက်လွန်းလှလေတယ်၊ သူမနှုတ်ခမ်းတစ်စုံဆို ပိုတောင်အိစက်နေတာပဲ။ သူ့ပေါင်ပေါ်မှာ ထိုင်နေတာကြောင့်ဖြစ်နိုင်လေတယ်၊ လုမူရှန်းက သူ့အာရုံခံငါးပါးလုံး တိုးတက်လာတယ်ဆိုတာကို ခံစားမိနေလေတယ်။

  သူမအား နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်ကာ၊ သူ့မျက်ဝန်းတွေက အနည်းငယ် နီရဲလာပါလေတယ်။

  သူက ညာဘက်လက်ကိုမြှောက်ကာ၊ ဆုန်ရန့်ခါးကို တင်းတင်းဖက်ထားပစ်လိုက်ပြီး၊ သူမအား နမ်းလာလိုက်လေတယ်။

  ဆုန်ရန်ရဲ့ရိုးရှင်းတဲ့အနမ်းနဲ့မတူလေဘူး၊ သူ့အနမ်းကတော့ ချစ်စိတ်ပြင်းထန်နေကာ၊ နှုတ်ခမ်းပေါ်ကအားက ပြင်းထန်မပြင်းထန်နေသလို ဖွဖွလေးလည်း မဟုတ်နေဘူး။

  ဆုန်ရန်က မျက်လုံးတွေကို ဖွင့်ထားလိုက်လေတယ်။ လုမူရှန်းက သူမကိုနမ်းလာတဲ့ပုံစံကို ကြည့်ရှုရတာအား သူမအရမ်းသဘောကျလေ၏။ သူ့မျက်လုံးတွေကိုမှိတ်ကာ အနမ်းထဲနစ်မြောနေတာကိုမြင်တော့၊ သူမက မျက်တောင်ခပ်ကာ၊ ရွှန်းစိုနေတဲ့မျက်ဝန်းလေးထဲ ခပ်ညစ်ညစ်အပြုံးလေး ထွက်ပေါ်လာပါလေတယ်။

  ရွှတ်နောက်နောက်ဟန်ဖြင့်၊ သူမလျှာကိုထုတ်ကာ လုမူရှန်းနှုတ်ခမ်းကို ကျီစယ်သလို လျှက်လာလိုက်လေသည်။

  နူးညံ့စိုစွတ်တဲ့လျှာက လှမ်းလျှက်လာချိန်၊ ဓာတ်လိုက်သွားသလို လုမူရှန်းခံစားလိုက်ရကာ၊ သူ့တစ်ကိုယ်လုံး အေးခဲသွားလေတော့သည်။

  သူ့ကိုယ်တွင်းထဲ၊ ထူးဆန်းတဲ့ခံစားချက်ကြီး ထွက်ပေါ်လာကာ၊ သူ့ကိုယ်က တစ်ခုခုမှားနေပြီဆိုတာကို သူဇဝေဇဝါ ခံစားမိလိုက်လေတယ်။

  လုမူရှန်းအမူရာက ရုတ်ခြည်းပြောင်းလဲသွားကာ၊ သူ့မျက်ဝန်းထဲ စိုးရိမ်စိတ်လေး ဖြတ်ပေါ်လာပါလေတယ်။ သူက ဆုန်ရန့်ပုခုံးကိုကိုင်ကာ၊ တွန်းထုတ်ပစ်လိုက်လေတယ်။ ထို့နောက်တော့ သူလည်း မတ်တတ်ထရပ်လာလိုက်တယ်။

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now