အပိုင်း(၄၇)

613 69 7
                                    

အပိုင်း(၄၇)

  လုမူရှန်းမှာ စိတ်ပူပြီးဒေါသထွက်နေလေတယ်။

  ဆုန်ရန်က စိတ်မြန်လက်မြန်ရှိလှတယ်ဆိုတာကိုသူသိပေမဲ့၊ ရန်ပွဲတောင်ဖြစ်တယ်ဆိုတော့? သူမဒုက္ခရောက်သွားရင် ဘယ်လိုလုပ်မလဲ?

  ဖုန်းချပြီးတာနဲ့ မြန်မြန်ထွက်လာခဲ့လိုက်လေသည်။

  လမ်းတစ်လျှောက်လုံး၊ ကားဒါရိုက်ဘာကို မြန်မြန်မောင်းအောင် နှိုးဆော်လိုက်ပါလေတယ်။

  ကားဒါရိုက်ဘာလည်း သူ့လှုံ့ဆော်မှုကြောင့် ပင်ပန်းလာကာ၊ "ညီလေးရေ၊ ငါဒီထက်မမြန်နိုင်တော့ဘူးကွ! ဒီထက်မြန်ရင်၊ ငါဒုက္ခရောက်သွားနိုင်တယ်ဟ!"

"..."

  လုမူရှန်းမှာ စိတ်ပူပန်နေလေပြီး သူ့ကောင်မလေးက ဒုက္ခရောက်နေတယ်လို့ ပြောပြချင်လိုက်လေတယ်။ သူလာခေါ်မှာကို စောင့်မျှော်နေရလေတယ်။

  ...

  ရဲစခန်းရဲ့ဧည့်ခန်းမထဲ၊ ဆုန်ရန်က ထိုင်ခုံတစ်ခုံပေါ်ထိုင်ကာ၊ လုမူရှန်းလာထုတ်ပေးမှာကို စောင့်ဆိုင်းနေလေသည်။

  လုမူရှန်းဒေါသထွက်မှာကို ကြောက်ရွံ့နေတော့၊ သူမမှာ စိတ်လှုပ်ရှားနေပြီး၊ သူ့အား ဘယ်လိုရှင်းပြပေးရမလဲဆိုတာကို တွေးပူနေမိလေတယ်။

  ရှင်းပြချက်ကောင်းကောင်း တွေးတောလို့မပြီးလိုက်ခင်၊ လုမူရှန်းက ရောက်လာပါပြီ။

  တံခါးပေါက်ကိုတွန်းပြီး အပြင်ကနေ ဝင်လာခဲ့ပါလေတယ်။

  ဆုန်ရန်နှလုံးသားက တင်းကျပ်သွားကာ ချက်ချင်း ခေါင်းမော့လာလိုက်လေသည်။

  အကြည့်ချင်းဆုံသွားကြချိန်၊ လုမူရှန်းအမူရာက အနည်းငယ် ဆိုးဝါးနေတယ်ဆိုတာကို ရှာတွေ့လိုက်တော့၊ ဆုန်ရန်မှာ ကြောက်လန့်သွားကာ ဘာစကားမှ မပြောလာရဲလေတော့ဘူး။

  လုမူရှန်းမှာ လမ်းတစ်လျှောက်လုံး စိတ်ပူပန်လာခဲ့ရတာဆို၊ အခု ဆုန်ရန်ကိုမြင်တော့၊ သူ့မှာ ဒေါသတွေ ဝုန်းခနဲထလာလေတော့တယ်။

  သူက တံခါးနားရပ်ကာ၊ သူမအား စူးစူးစိုက်စိုက်ကြည့်လာပြီး ဘာမှမပြောလာလိုက်လေဘူး။

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now