အပိုင်း(၅၇)
ဆုန်ရန်က စာသင်ခန်းထဲထိုင်ပြီး အိမ်စာလုပ်နေချိန် ကောင်လေးတစ်ယောက်က လေချွန်ပြီး သူမအား ကျီစယ်သလို အော်ခေါ်လာပါလေတယ်၊ "အစ်မရန်၊ နင့်ကောင်လေးရောက်နေတယ်ဟေ့!"
ဆုန်ရန်လည်း ခေါင်းလှည့်ကြည့်လိုက်တော့ လုမူရှန်းက အနောက်တံခါးရှေ့ ရပ်နေတယ်ဆိုတာကို မြင်လိုက်ရတယ်။
သူမက တခစ်ခစ်ရယ်မောလိုက်ကာ လက်ထဲကဘော့ပင်ကို ပစ်ချလိုက်ပြီး ထိုင်ခုံကနေ ထရပ်လာလိုက်တယ်။
အပြင်ဘက် ပြေးလာကာ သူ့အားအပြုံးဖြင့် မေးလိုက်ပါလေတယ်၊ "ဖိုရမ်ပေါ်က ရှင်းလင်းချက်ကို နင်ဖတ်ပြီးပြီလား?"
လုမူရှန်းက ခေါင်းညိတ်ပြပြီး၊ "အင်း။"
ဆုန်ရန်က တခစ်ခစ်ရယ်မောလိုက်ကာ၊ "ငါတော်တယ်မလား?" သူမက ဘဝင်ခိုက်စွာ ပြောလာပြီး၊ "ငါ့ဘာသာငါဖြေရှင်းနိုင်ပါတယ်လို့ ငါပြောပါတယ်။"
ဆုန်ရန်ရဲ့အမူရာကိုမြင်တော့ လုမူရှန်းမှာ သဘောတကျဖြစ်သွားရကာ၊ သူမညာဘက်လက်ကို လှမ်းဆွဲလာပြီး၊ "မင်း သူ့ကိုဒီလက်နဲ့ရိုက်ခဲ့တာလား?"
ဆုန်ရန်မှာ ကြောင်အမ်းသွားကာ၊ "အာ?"
"မင်းသူ့ကိုရိုက်ခဲ့တယ်မလား? အဲ့တာဒီလက်နဲ့လား?"
"နင်...နင်ဘယ်လိုလုပ်သိတာလဲ?" လုမူရှန်းမေးတာကိုကြားတော့၊ ဆုန်ရန်မှာ အပြစ်မကင်းသလိုဖြစ်လာကာ၊ "ငါလည်းမရိုက်လိုက်ချင်ပါဘူး။ အဲဒီမိန်းမက ငါရိုက်အောင်လုပ်နေတာလေ၊ အဲ့တော့...ငါလည်း...သူ့ကိုရိုက်ပစ်လိုက်တယ်။"
လုကောက ကျောင်းသားကောင်းတစ်ယောက်ဖြစ်ပြီး သူမ လူတွေကို ရိုက်နှက်နေတာမျိုးအား သဘောမကျဘူးဆိုတာကို သူမသိလေတယ်၊၊ သူမကိုသူမ ကြိုတင်ကာကွယ်ရန်ကြိုးစားလိုက်ပေမဲ့၊ မဆီလျော်သလို ခံစားနေရတုန်းပဲ။
ပြောပြီးတာနဲ့၊ လုမူရှန်းလက်ကိုကိုင်ကာ၊ ချွဲနွဲ့လာလိုက်လေတယ်၊ "လုကော၊ နင်စိတ်မတိုရဘူးနော်?"
ဆုန်ရန်တဲ့ သတိအနေထားကိုမြင်တော့၊ လုမူရှန်းမှာ ရယ်မောလိုက်ကာ: "ကိုယ်ကဘာလို့စိတ်တိုရမှာလဲ? မင်းဘယ်လက်နဲ့ရိုက်ခဲ့တာလဲရယ် မင်းလက်နာနေလားရယ်ပဲကို ကိုယ်မေးချင်တာလေ။"
YOU ARE READING
ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]
Romanceလုမူရှန်းကို ဆုန်ရန် ပထမဆုံးအကြိမ်တွေ့ချိန်တုန်းက၊ သူ့ကိုအပိုင်သိမ်းချင်ခဲ့တယ်၊၊ ဒီတော့ သူမက သူ့နောက် အသည်းအသန်လိုက်ပိုးပန်ခဲ့ပြီး၊ နေ့တိုင်း သူ့နောက် နောက်လိုက်လေးတစ်ဦးလိုမျိုး လိုက်လံခဲ့တယ်။ လက်ဆောင်တွေပို့တာတို့၊ သူ့ကို ချစ်ခြင်းထမင်းဘူးပေးတာတ...