အပိုင်း(၂၁)

1K 91 2
                                    

အပိုင်း(၂၁)

သူမအမေထွက်သွားတဲ့နေ့ကို ဆုန်ရန်မှတ်မိပါသေးတယ်၊ အဲဒီနေ့က၊ လင်းလက်နေတဲ့ကောင်းကင်ရယ် မနက်အစောကြီး ပြတင်းပေါက်အပြင်ဘက်မှာ ကျဆင်းနေတဲ့နှင်းတွေရယ်နဲ့ပေါ့။

သူမက ကုတင်ပေါ်လှဲပြီး၊ မျက်တောင်တောင်မခပ်ဘဲ ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်နေခဲ့တာပေါ့။

ငါးနှစ်အရွယ်တုန်းက၊ သူမမိဘတွေနဲ့အတူ အရှေ့မြောက်ပိုင်းကို သွားလည်ခဲ့လေ၏။ မြောက်ပိုင်းရဲ့ဆောင်းရာသီက နှင်းတွေသည်းသည်းမည်းမည်းကျဆင်းနေကာ၊ သစ်ပင်၊ အိမ်၊ မြေပြင်တွေကို ဖုံအုပ်ထားတဲ့ နှင်းထူထူရယ် တောင်ပိုင်းမှာ မြင်ဖို့ရှားတဲ့ တစ်ကွင်းပြင်လုံး ဖြူစွတ်နေတဲ့ မြင်ကွင်းမျိုးရယ်ဖြင့် ရင်သပ်ရှုမောဖွယ်ကောင်းလှလေ၏။

ထိုအချိန်တုန်းက သူမက လှပတဲ့ကျေးလက်ဒေသမှာ သူမမိဘတွေနဲ့အတူ နေထိုင်ခဲ့တာပေါ့၊ ဘယ်နေရာလဲဆိုတာကိုတော့ သူမသတိမရတော့ပေမဲ့၊ မြင်ကွင်းကျယ်ကြီးဖြင့်၊ အရမ်းလှပနေတယ်ဆိုတာကိုတော့ သူမအမှတ်ရပါသေးတယ်၊ မနက်ခင်းဆို နေထွက်လာချိန်ကို စောင့်ကြည့်လို့ရပြီး၊ ရွှေရောင်နေမင်းကြီးက တောင်တွေကို ဖုံးကာလာကာ အဖြူရောင်လွင်ပြင်ကြီးကိုလည်း ရွှေရောင်အလင်းလွှာလေးဖြင့် ဖုံးလွှမ်းပေးလာလေတော့သည်။

နှင်းတောထဲ သူမပြေးလွှားလို့ရအောင် သူမအဖေက သူမကိုခေါ်သွားပေးပြီး၊ သူမမှာ ပျော်ရလွန်းလို့ တခစ်ခစ်ရယ်မောနေခဲ့လေတယ်။

အဲဒီအချိန်တုန်းက သူမသိပ်ပျော်ရွှင်ခဲ့ရတာပေါ့။ အနာဂတ်ကျရင် မြောက်ပိုင်းကို နှစ်တိုင်းလိုက်ပို့ပေးပါ့မယ်လို့ သူမအဖေကလည်း ပြောလာခဲ့လေ၏။

သူမအဖေ ပေးခဲ့တဲ့ကတိကို သေချာမှတ်မိနေခဲ့လေတယ်၊ ဒါပေမဲ့ အဖေ မတော်တဆမှုဖြစ်သွားပြီးကတည်းက၊ ထိုအနာဂတ်မျိုး မရှိနိုင်တော့ဘူးဆိုတာကို သူမသိပါလေတယ်။

အဖေ့မှာ ခြေထောက်တွေမရှိတော့ဘူးဆိုတော့၊ သူမနှင့်အတူ နှင်းတောထဲ ပြေးပေးဖို့ မဖြစ်နိုင်တော့ပါဘူး။

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now