အပိုင်း(၄၂)

674 73 0
                                    

အပိုင်း(၄၂)

  လုမူရှန်း စကားပြောလို့ပြီးသွားတော့၊ ဆုန်ရန်က ကုတင်ပေါ်မှာ အံ့ဩတကြီး လှဲကျန်နေခဲ့လေတယ်။ ထို့နောက်မှာတော့၊ သူမက အတွေးလွန်နေရုံတင်မကဘူး၊ လုမူရှန်း လှောင်ရယ်တာပါ ခံလိုက်ရပြီဆိုတာကို ချက်ချင်း သဘောပေါက်လိုက်လေတယ်။

  သူမမျက်နှာလည်း နီရဲလာကာ၊ ရှက်ကိုးရှက်ကန်းဖြစ်သွားလေတော့တယ်။ ကုတင်ပေါ်ကနေ ထထိုင်လိုက်ကာ၊ လုမူရှန်းဆီ ခေါင်းအုံးဖြင့် ပစ်ပေါက်လိုက်ကာ၊ ဒေါသကြီးစွာ ပြောလာလေတယ်၊ "နင်ကစိတ်တိုဖို့‌မကောင်းဘူးလား?"

  လုမူရှန်းက ဆုန်ရန်ပစ်ပေါက်လိုက်တဲ့ ခေါင်းအုံးကို ဖမ်းယူလိုက်လေတယ်။

  ဆိုဖာပေါ်ကို ပြန်ပစ်တင်‌လိုက်ပြီး၊ ရှေ့တိုးလာကာ၊ ဆုန်ရန့်နဖူးကို လက်ဖြင့်ဖွဖွလေးတောက်ချလိုက်ပြီး၊ "မင်းဦးနှောက်ကိုဖွင့်ပြီး အထဲမှာဘာတွေရှိမလဲ ကိုယ်ကြည့်ကြည့်ချင်လိုက်တာ၊ တစ်နေ့လုံး လျှောက်တွေးပစ်နေတာပဲ။"

  ဆုန်ရန်က ပြုံးပြလာကာ၊ အပြစ်မကင်းသလို ခံစားလိုက်ရပြီး၊ ခေါင်းငုံ့ကာ ပြောလာလိုက်တယ်၊ "ဘယ်လိုတွေးနေလို့လဲ။"

  လုမူရှန်းက သူမအားစိုက်ကြည့်လာပြီး၊ ကူရာမဲ့သလို ခေါင်းခါလိုက်ပါလေတယ်၊ ထို့နောက်မှာတော့ သူမလက်ကိုကိုင်ပြီး၊ ပြောလိုက်လေတယ်၊ "ဒီကိုလာခဲ့။"

  နောက်တော့၊ စားပွဲခုံဆီ လျှောက်လာလိုက်တယ်။

  ထိုင်ခုံနှစ်ခုံရှိနေလေကာ၊ ဆုန်ရန်ကိုတော့ အလယ်နေရာမှာ ထိုင်ခိုင်းလိုက်လေတယ်။ စားပွဲပေါ်မှာတော့ လုမူရှန်းကိုယ်တိုင် ပရင့်ထုတ်ထားတဲ့ သင်္ချာမေးခွန်းတွေရှိနေလေတယ်။ သူအရင်ကသင်ခဲ့ဖူးတဲ့ မေးခွန်းမျိုးစုံပါဝင်နေကာ နောက်ဆုံးစာမေးပွဲအတွက် လွယ်ကူစေနိုင်တာမျိုးပေါ့။

  "၁၂၀မိနစ်အတွင်း၊ ဒါတွေအရင်ဖြေထားလိုက်ဦး။" လုမူရှန်းက ပြောပြီးတာနဲ့ ဆုန်ရန့်လက်ထဲကို ဘော့ပင်ထိုးထည့်ပေးလိုက်လေတယ်။

  ဆုန်ရန်က ဘော့ပင်ကိုကိုင်ကာ ကြောင်အအကြီး မေးလာပါတယ်: "နင်ကငါ့ကိုမပြောပြဘူးလား?"

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now