အပိုင်း(၄၉)

649 61 0
                                    

အပိုင်း(၄၉)

  milk tea ဆိုင်မှာ ဒီနေ့ လူအရမ်းမများလေဘူး။ ဆုန်ရန်က ဖုန်းချပြီးတာနဲ့ ထွက်လာခဲ့လိုက်ကာ၊ ကောင်တာမှာထိုင်ပြီး အနားယူနေလိုက်တယ်။ တစ်ယောက်ယောက်လာရင်၊ ထိုလူ့အတွက် ဖျော်ပေးလိုက်ကာ၊ မလာရင်တော့၊ သူ့လုပ်ဖော်ကိုင်ဖက်တွေ စကားပြောတာကို နားထောင်နေလိုက်လေသည်။

  ‌လုပ်ဖော်ကိုင်ဖက်တော်တော်များများက ဆယ်ကျော်သက်အရွယ်မိန်းကလေးတွေဖြစ်ပြီး၊ သူတို့က အုပ်စုဖွဲ့ပြီး အတင်းတုပ်ရတာကို သဘောကျကျလေ၏။

  နောက်ဆုံးထွက် TV seriesတွေအကြောင်းပြောနေရင်း၊ မိန်းကလေးတစ်ယောက်က ရုတ်တရက်ဆို ပြောပြလာလေတယ်: "ငါထင်တာတော့ ကျန်းယီယီက ဆုန်ရန်လောက် မလှဘူး‌လားလို့၊ သူ့သရုပ်ဆောင်အရည်ချင်းကလည်း မကောင်းနေဘူး။ ဒါတောင် သူဘယ်လိုများ နာမည်ကြီးလာရလဲ မသိဘူးဟယ်။"

  ဆုန်ရန်က သူမနာမည်ကို ရုတ်တရက်ကြီး ကြားလိုက်ရတော့ လန့်ဖျပ်သွားကာ၊ မြန်မြန်ပြောလာလေတယ်: "မဟုတ်ဘူး၊ မဟုတ်ဘူး၊ သူက ငါ့ထက်ပိုလှတာဟ၊ ပြီးတော့ သူ့သရုပ်ဆောင်စကေးကလည်း အတော်ကောင်းပါတယ်။"

  ဆုန်ရန်က နှိမ့်ချပြောတာမဟုတ်လေဘူး၊ ကျန်းယီယီရဲ့သရုပ်ဆောင်အရည်ချင်းက သိပ်မကောင်းလှဘူးဆိုပေမဲ့၊ တကယ်ပဲ လှလွန်းလှတယ်လို့ သူမထင်ပါလေတယ်၊ သူမက ပန်း‌ပွင့်လေး၄ပွင့်ကြား ပထမနဲ့ ထိုက်တန်သူဖြစ်လေတယ်။

  "ဆုန်ရန်၊ နှိမ့်ချမနေပါနဲ့ဟာ။ နင်က တကယ်အရမ်းလှတယ်။ နင်သာ အနုပညာလောကထဲ ဝင်သွားမယ်ဆိုရင်၊ သေချာပေါက် နာမည်ကြီးလာလိမ့်မယ်ဟ။"

  ခေါင်းစဉ်က လက်ခံနိုင်ဖွယ်မရှိလောက်အောင်ဖြစ်လာလေပြီ။ ဆုန်ရန်လည်း ခြောက်ကပ်ကပ် ပြုံးပြလိုက်လေတော့တယ်။

  ...

   5:30 ကျတော့၊ လုမူရှန်းကို ဆုန်ရန်ကို လာကြိုပေးလေတယ်။

  ဆုန်ရန်က ဆိုင်ထဲကနေထွက်လာကာ၊ သူ့လက်ကိုဆွဲပြီး မော့ကြည့်လာပါလေတယ်၊ "နင့်အိမ်ကိုတကယ်ပဲသွားစေချင်တာလား?"

  ဆုန်ရန်ကြောက်လန့်နေတာကိုမြင်တော့၊ လုမူရှန်းမှာ ကူရာမဲ့ကာ သဘောတကျဖြစ်လာရလေတယ်၊ "မင်း ကိုယ့်အဖေနဲ့အမေ့ဆီကနေ တစ်ဘဝလုံး ပုန်းနေနိုင်ပါ့မလား?"

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now