အပိုင်း(၃၁)
လွန်ခဲ့တဲ့သုံးရက်တုန်းက။
အင်္ဂါနေ့ နေ့လယ်ခင်း၊ ကာယအချိန်၌။
ဆုန်ရန်က ကိစ္စတစ်ခုပေါ်လာလို့ ခွင့်ယူရန်အတွက်၊ ရုံးခန်းထဲက ကျန်းချွန်းလီထံ ခွင့်တောင်းရန် ပြေးလာခဲ့လေတယ်။
ဆုန်ရန်က သူမဆံပင်တွေကိုဖြောင့်ထားလေတော့၊ သူမက စကားနားထောင်ပြီး လိမ္မာရေးခြားရှိတဲ့ကလေးနဲ့ ပိုတူနေလေတော့သည်။ ကျန်းချွန်းလီရဲ့ သူမအပေါ်အမြင်ကလည်း တိုးတက်လာတော့၊ ကျန်းချွန်းလီက မေးကြည့်လာလေတယ်၊ "ဘာလုပ်သွားမလို့လဲ?"
ဆုန်ရန်က ပြန်ဖြေလာလိုက်တယ်၊ "ဆေးရုံကိုသွားပြီး အဖေ့အတွက် ဆေးယူပေးရမှာမိုလို့။"
အိမ်ကဆေးတွေက ကုန်ခါနီးနေပြီ၊ ဆုန်ရန်က ဆေးရုံကိုသွားယူရန် အချိန်မရလေတော့၊ အခု ကာယအချိန်မှာ သွားယူလိုက်မလို့။
ဆုန်ရန်ဖြေတာကိုကြားတော့၊ ကျန်းချွန်းလီက ဒီအတိုင်းမေးကြည့်လာလေတယ်၊ "မင်းအဖေက ဘာဖြစ်နေလို့လဲ?"
ဆုန်ရန်ပြန်ဖြေလာတာက၊ "ဘာမှမဟုတ်ပါဘူး၊ နှလုံးမကောင်းရုံတင်ပါ။"
နှလုံးမကောင်းတာလို့ ကျန်းချွန်းလီကြားတာနဲ့၊ သူမဆက်ပြီးအချိန်မဆွဲလေတော့ဘဲ၊ အံဆွဲထဲက ခွင့်လွှာကိုထုတ်ယူကာ၊ လက်မှတ်ထိုးပြီး ဆုန်ရန်ထံ လှမ်းပေးလိုက်လေတယ်၊ "ဒီမှာ ခွင့်ယူရတဲ့အကြောင်းရင်းကို မင်းဘာသာမင်းဖြည့်လိုက်တော့၊ ဘယ်အချိန်ပြန်လာမှာလဲ?"
"ညနေကိုယ်ပိုင်စာကြည့်ချိန်ကျ ပြန်လာခဲ့မှာ။"
"အင်း အင်း၊ သွားဝောာ့။"
ဆုန်ရန်က ကျန်းချွန်းလီကို ကျေးဇူးတင်ပြီးတာနဲ့ ခွင့်လွှာကိုယူပြီး ရုံခန်းထဲကနေ ထွက်လာခဲ့လိုက်လေသည်။
သူမရုံခန်းထဲကထွက်လာတာနဲ့၊ အပေါ်ထပ်ကနေဆင်းလာတဲ့ လုမူရှန်းနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံမိလိုက်ပါလေတယ်။
လုမူရှန်းကို ဆုန်ရန်မြင်တာနဲ့၊ သူမအကြည့်တွေက လင်းလက်လာကာ၊ သူ့ဆီ ပျော်ပျော်ရွှင်ရွှင်ပြေးလာကာ၊ သူ့လက်ကိုကိုင်ပြီး၊ အပြုံးဖြင့် မေးလိုက်လေတယ်၊ "ဘယ်ကိုသွားမလို့လဲ?"
YOU ARE READING
ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]
Romanceလုမူရှန်းကို ဆုန်ရန် ပထမဆုံးအကြိမ်တွေ့ချိန်တုန်းက၊ သူ့ကိုအပိုင်သိမ်းချင်ခဲ့တယ်၊၊ ဒီတော့ သူမက သူ့နောက် အသည်းအသန်လိုက်ပိုးပန်ခဲ့ပြီး၊ နေ့တိုင်း သူ့နောက် နောက်လိုက်လေးတစ်ဦးလိုမျိုး လိုက်လံခဲ့တယ်။ လက်ဆောင်တွေပို့တာတို့၊ သူ့ကို ချစ်ခြင်းထမင်းဘူးပေးတာတ...