အပိုင်း(၃၉)

685 79 1
                                    

အပိုင်း(၃၉)

  ဆုန်ရန်ကို အိမ်လာနေခိုင်းရတာက၊ သူမအား ဂရုစိုက်ပေးနိုင်မယ့်သူမရှိတဲ့အတွက် အမေလုမှာ စိတ်မကောင်းဖြစ်ခဲ့ရလေတယ်။ စာလေ့လာတာကို အကြောင်းပြချက်လုပ်လိုက်လေတယ်။ သူမကတော့ သူမသားအတွက် ညလယ်စာတွေလုပ်ပေးနိုင်ပေမဲ့၊ ရန်ရန်မှာတော့ လုပ်ပေးနိုင်တဲ့သူမရှိလေဘူး။ ပင်ပန်း ဗိုက်ဆာနေချိန်မျိုးဆို သူမဘာသာသူမ တောင့်ခံထားရလေတယ်။ သူမအဖေကလည်း သူမကို ဂရုစိုက်မပေးမိုက်လေဘူး။

  ဒီလို အမေလု တွေးမိလိုက်လေ၊ သူ့မှာ ပိုစိတ်မကောင်းဖြစ်ရလေပဲ။ ဆုန်ရန် သဘောတူတာမတူတာကို တွေးတောမနေတော့ဘဲ၊ ပြောလာလေတယ်: "မနက်ဖြန်ကျောင်းဆင်းချိန်ကျ၊ သမီးနဲ့ အာမူ အိမ်အတူတူလာခဲ့လိုက်ကြ၊ အန်တီ သမီးအတွက် အခန်းသန့်ရှင်းရေးလုပ်ထားလိုက်မယ်!"

  သူမပြောပြီးသွားတာနဲ့၊ ဆုန်ရန်ပြန်ဖြေမှာကို မစောင့်နေလိုက်ဘဲ၊ အခန်းထဲကနေ လှည့်ထွက်သွားလိုက်လေသည်။

  ဆုန်ရန်မှာ ကြောင်အမ်းနေလေတော့တယ်၊ သူမပြန်မဖြေလာနိုင်ခင်၊ အမေလုက ကင်မရာကနေ ပျောက်ကွယ်သွားကာ၊ တံခါးပိတ်လိုက်သံကို ကြားလိုက်ရပါတော့တယ်။

  သူမက လုမူရှန်းကို ကြောင်တောင်တောင်ကြီးကြည့်လာလိုက်ကာ၊ "နင့်အမေက... ဘာပြောသွားတာလဲ?"

  လုမူရှန်းက ခေါင်းကိုက်နေတဲ့အလား နဖူးကိုဖိပွတ်လိုက်ကာ၊ အပြုံးဖျော့ဖျော့လေးဖြင့် ကူရာမဲ့စွာ ပြောလာလေတယ်: "မင်းအတွက် အခန်းရှင်းပေးထားမယ်တဲ့။"

  "အာ?!" ဆုန်ရန့်မျက်လုံးတွေပြူးကျယ်လာကာ သူမက စိတ်လောတကြီး ပြောလာလေတယ်: "ဒါဆို ငါဘာလုပ်ရမလဲ-"

  လုမူရှန်းက သူမကို အလေးအနက်ကြည့်လာလေကာ၊ "ဘာလုပ်ရမလဲ? ဒီကိုပြောင်းလာနေလို့မရဘူးလား?"

  ဆုန်ရန်မှာ ဆို့နင်သွားကာ၊ "နင်၊ နင်၊ နင်...မစနဲ့နော်..."

  "ကိုယ်စနေတာမဟုတ်ဘူး၊ မင်းကိုယ့်အိမ်ကို ပြောင်းလာနေရင်၊ မင်းအတွက် ကိုယ်စာသင်ပြပေးလို့ ရနိုင်တယ်လေ။" လုမူရှန်းက ပြောပြလာလေတယ်။

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now