အပိုင်း(၁၄)

1.1K 109 0
                                    

အပိုင်း(၁၄)

    လုမူရှန်းက ဆုန်ရန်ကိုကုန်းပိုးထားပြီး ကားပါကင်ဆီ လျှောက်လာလိုက်တယ်။

    အန်ကယ်လီက ကားထဲမှာထိုင်ကာ သူ့ကိုစောင့်နေလေတယ်၊ ဆုန်ရန်ကို ကုန်းပိုးပြီးလာနေတဲ့လုမူရှန်းကိုမြင်တော့၊ ကားပေါ်ကဆင်းကာ အနားလျှောက်သွားလိုက်ပြီး၊ "ဘာဖြစ်တာလဲ?"

    လုမူရှန်းက၊ "ခြေချင်းဝတ်လွဲသွားလို့။ အန်ကယ်လီ ဆေးရုံဆီလိုက်ပို့ပေးဖို့ အန်ကယ့်ကိုပဲဒုက္ခပေးရတော့မှာပဲ။"

    ပြောနေရင်းနဲ့၊ ဆုန်ရန်ကို သယ်ကာ ကားဆီလျှောက်လာလိုက်တယ်။

    လုမူရှန်းက တကယ်ပဲ သူမအား ဆေးရုံခေါ်သွားချင်နေတယ်ဆိုတာကို ဆုန်ရန်မြင်တော့၊ သူမမှာ အရမ်းထိတ်လန့်သွားကာ ချက်ချင်းအော်ပြောလာလေတယ်၊ "မလိုဘူး! ခြေဆစ်လွဲရုံပဲကို၊ နည်းနည်းလောက်ပွတ်ပေးတာနဲ့ သက်သာသွားလိမ့်မယ်!"

   အန်ကယ်လီက ကားနားလျှောက်လာကာ နောက်ခန်းတံခါး ကူဖွင့်ပေးလိုက်လေသည်။

    လုမူရှန်းက ဆုန်ရန်ကို ကားထဲထည့်ပေးလိုက်ကာ၊ တုန့်ဆိုင်းခြင်းမရှိ ပြောလာလေတယ်: "ဟင့်အင်း၊ အရိုးပါလွဲသွားရင် ဘယ်လိုလုပ်မှာလဲ?"

    ဆုန်ရန်က မြန်မြန်ခေါင်းယမ်းပြလာပြီး၊ "အဆင်ပြေတယ်၊ တကယ်ကြီးကိုအဆင်ပြေတယ်ဟ၊ အရိုးလည်းအဆင်ပြေတယ်။"

   သူမက ခြေထောက်ဆန့်ပြလာကာ လုမူရှန်းရှေ့တင် ခြေချင်းဝတ်လှည့်ပြလိုက်လေတော့သည်။

    အစောတုန်းက၊ သူမက လုမူရှန်းကုန်းပိုးတာခံချင်လို့ သူ့ကိုလှည့်ဖြားခဲ့တာဖြစ်လေတယ်၊ ဒါပေမဲ့ အခု သူတကယ်ကြီး ဆေးရုံသွားစစ်ဆေးခိုင်းစေချင်နေတာကိုမြင်တော့၊ ဆုန်ရန်မှာ စိတ်ပူပန်လာလေတော့သည်။

    သူက ခြေချင်းဝတ်ကိုလှည့်ပြနေရင်း၊ ပြောလာလေတယ်၊ "ကြည့်၊ အဆင်ပြေတယ်မလား? ခြေချင်းဝတ်လွဲရုံပဲကို၊ ဆေးရုံထိ သွားဖို့မလိုဘူးလေ။"

    လုမူရှန်းက အချိန်အကြာကြီး စကားမပြောလာလေဘူး။ သူက ခေါင်းကိုငုံ့ကာ ဆုန်ရန့်ခြေချင်းဝတ်ကို အသေချာကြီး စိုက်ကြည့်နေလေတော့သည်။

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now