အပိုင်း(၂၈)

858 88 8
                                    

အပိုင်း(၂၈)

  လုမူရှန်း သူမကိုနမ်းလာချိန်၊ ဆုန်ရန်က သူ့မျက်လုံးတွေကို အလိုလိုမှိတ်ထားမိလိုက်လေပြီး၊ လုမူရှန်းခါးကို ဖက်တွယ်ထားမိလေတယ်။

  နှုတ်ခမ်းနှစ်စုံက ဖိကပ်နေကြကာ၊ နောက်လှုပ်ရှားမှုလေး မစတင်လာခင်၊ တံခါးခေါက်သံကို ကြားမိလိုက်ပါလေတယ်။

  ဆုန်ရန်နဲ့ လုမူရှန်းက တစ်ပြိုင်နက်တည်း မျက်လုံးဖွင့်လာကြကာ၊ အပြင်ဘက်ကအသံကို နားစွင့်ထားလိုက်ကြတယ်။

  "စားချိန်ရောက်ပြီ။" တံခါးခေါက်သံပြီးနောက်၊ အမျိုးသားတစ်ယောက်ရဲ့အသံက၊ တစ်ချိနိတည်းဆို ထွက်ပေါ်လာပါလေတယ်။

  ဆုန်ရန့်မျက်လုံးတွေပြူးကျယ်သွားကာ၊ လုမူရှန်းကို ချက်ချင်း တွန်းထုတ်ပစ်လိုက်လေသည်။

  အဖေလုက တံခါးဖွင့်ပြီး အခန်းထဲဝင်လာချိန်၊ ဆုန်ရန်နဲ့လုမူရှန်းက ဘေးချင်ကပ်ကာ ရပ်နေကြပြီး၊ သူ့ကိုငူငူငိုင်ငိုင်ကြီး ‌ငေးကြည့်လာကြကာ၊ လေထုကလည်း ထူးဆန်းနေလေတော့တယ်။

  သူက အကြားအမြင်မရနိုင်လေတော့၊ အထဲမှာ ဘာဖြစ်ခဲ့လဲဆိုတာကို မသိနေပါဘူး။

  သူ့အကြည့်က ဆုန်ရန့်ပေါ်ရောက်လာကာ၊ သူမကို လှမ်းကြည့်လာရင်း၊ မေးလိုက်လေတယ်၊ "မင်းကဆုန်ရန်လား?"

  ဆုန်ရန်က ချက်ချင်း သတိပြန်ဝင်လာကာ၊ အဖေလုကို မြန်မြန်နှုတ်ဆက်လိုက်ပြီး၊ ယဉ်ယဉ်ကျေးကျေးပြောလာလေတယ် : "ဟယ်လို၊ အန်ကယ်။"

သူက မပြုံးတဲ့စိတ်နေစိတ်ထားမျိုးရှိလေတော့၊ 'အမ်'လို့ပဲ ပြန်ဖြေလာလိုက်လေတယ်၊ ဒါပေမဲ့ တစ်နေ့တုန်းက သူ့ဇနီး‌တိုက်တွန်းထားတဲ့ 'အပြုမူတွေကို သတိထား' ဆိုတဲ့စကားကို သတိရမိလိုက်တော့၊ သူ့မျက်နှာပေါ်မှာ အပြုံးတစ်ပွင့် ချက်ချင်းပေါ်ထွက်လာကာ၊ သူ့အသံကလည်း ပျော့ပျောင်းလာပြီး၊ ဆုန်ရန်ကို ပြောလာလေတယ်: "ဆင်းလာခဲ့တော့၊ အစားအသောက်တွေ အဆင်သင့်ဖြစ်နေပြီ၊ စားကြရအောင်။"

  "ဟုတ်ကဲ့၊ ကျေးဇူးပါ၊ အန်ကယ်။" ဆုန်ရန်က အလျင်စလို ပြန်ဖြေပေးလာလေတယ်။

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now