အပိုင်း(၁၃)

1.1K 113 2
                                    

အပိုင်း(၁၃)

    သူစဉ်းစားကြည့်လိုက်ဦးမယ်လို့ ဆုန်ရန်ကိုကတိပေးခဲ့ပေမဲ့၊ အဖြေအတိအကျတော့ မပေးလာခဲ့သေးလေဘူး။

    ဆုန်ရန်ကလည်း သူ့အားတွန်းအားမပေးလာပါဘူး၊ ဒီလိုကိစ္စမျိုးက တွန်းအားပေးဖို့ မဖြစ်နိုင်လေဘူး။

    ဒီအပြင်၊ လုမူရှန်းက သိပ်မကြာခင်မှာ သူမအပိုင်ဖြစ်လာလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်မျိုး ရှိနေလေသည်။

    ဘာလို့ဆို လုမူရှန်းကို လိုက်ပိုးနေတဲ့အခြားမိန်းကလေးတွေနဲ့ယှဉ်ရင်၊ သူမအပေါ်ထားတဲ့ လုမူရှန်းသဘောထားက ထူးခြားနေလေတော့တယ်။ 

    ချစ်သူနှစ်ဦးကြားဆက်ဆံရေးလိုမျိုးမဟုတ်ဘူးဆိုပေမဲ့၊ မရေမရာဆက်ဆံရေးလေးတော့ ဖြစ်နေပါတယ်။

    နေ့တိုင်း သူတို့နှစ်ဦးက နေ့လယ်စာအတူတူစားကြလေပြီး၊ ညပိုင်းကိုယ်ပိုင်စာလေ့လာချိန်မှာ၊ ဆုန်ရန်က စာအုပ်ကိုပိုက်ကာ လုမူရှန်းကို စာရှင်းပြခိုင်းဖို့ လာရှာတတ်လေတော့တယ်။

    တစ်ခါတစ်ရံ သင်္ချာ၊ တစ်ခါတစ်ရံတော့ အင်္ဂလိပ်ပေါ့။

    ဆုန်ရန်က စာသင်ယူဖို့လာတာမဟုတ်ဘူးဆိုကြောင်း လုမူရှန်းသိနေပါတယ်၊ ဒါပေမဲ့ သူမ‌ သူ့ကိုမေးလာချိန်တိုင်း၊ သူဖြေပေးတတ်လေသည်။

    ——သူမက မေးထောက်ကာ သူ့အားအပြုံးဖြင့်ကြည့်ပြီး ဘယ်တော့မှ စာလိုက်နားမထောင်နေရင်တောင်မှပေါ့။

    လူတစ်ယောက်က သူ့ထံစာရှင်းပြခိုင်းပြီး သေချာနားမထောင်ခဲ့ရင်၊ သူစိတ်တိုဒေါသထွက်လာနိုင်လေတယ်။ ဒါပေမဲ့ တစ်ဖက်လူက ဆုန်ရန်ဖြစ်နေလေတော့၊ သူမအား ဆယ်ကြိမ် အကြိမ်နှစ်ဆယ်လောက် ထပ်ပြောရရင်တောင်၊ သူစိတ်အနှောက်ယှက်မဖြစ်လေဘူး။ ကူကယ်ရာမဲ့ပြီး သူမနဲ့ပတ်သတ်လို့ ဘာမှမလုပ်ပေးနိုင်သလိုမျိုးသာ ခံစားရလေသည်။

    ကြာသပတေးနေ့၊ ညနေကိုယ်ပိုင်စာကြည့်ချိန်ပြီးနောက်။

    အတန်း၄၌။

    သင်္ချာပုဒ်စာကို တတိယအကြိမ်ရှင်းပြပေးပြီးနောက်၊ လုမူရှန်းက ခေါင်းမော့လာကာ ဆုန်ရန်ကို မေးလာကါလေတယ်၊  "အခုနားလည်ပြီလား?"

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now