အပိုင်း(၂၂)

997 99 6
                                    

အပိုင်း(၂၂)

  လုမူရှန်းက ဆုန်ရန်အတွက် မနက်စာယူလာခဲ့လေတယ်၊ တက္ကစီပေါ်တက်လာပြီးနောက်၊ ကျောပိုးအိတ်ထဲကနေ မနက်စာကိုထုတ်ယူလိုက်ကာ သူမထံ ကမ်းပေးလာလေတယ်။

  ဒါက သံမဏိဘူးလေးဖြစ်လေ၏။

  ဆုန်ရန်က ဖွင့်ကြည့်လိုက်တော့ အထဲမှာ ရွှေအိုရောင်ကြက်ဥဖက်ထုတ်အများပြားရှိနေပြီး အနံ့အရသာ ကောင်းလှတယ်ဆိုတာကို မြင်တွေ့လိုက်ရပါတယ်။

  "ဒါကိုဝယ်ခဲ့တာလား?" ဆုန်ရန်က တအံ့တဩမေးကြည့်လိုက်တယ်။

  "ငါ့အမေလုပ်ပေးတာ။"

  "အနံ့တအားမွှေးတာပဲ။" ဆုန်ရန်က ဘူးကိုကိုင်ပြီး အနံ့ခံကြည့်လိုက်လေတယ်။ 

  လုမူရှန်းက သူမကိုကြည့်ပြီး၊ ပြုံးပြလာကာ၊ "ပူတုန်းစားလိုက်၊ ငါ့အမေရဲ့ဟင်းချက်လက်ရာက မဆိုးလှဘူး။"

  ထို့နောက်မှာတော့၊ သူ့ကျောပိုးအိတ်ထဲကနေ နွားနို့ဘူးကိုထုတ်ကာ ဆုန်ရန်ထံ လှမ်းပေးလိုက်လေတယ်။

  ဆုန်ရန်က လှမ်းယူလိုက်ကာ၊ သူ့ကိုကြည့်ပြီး မေးလာလေတယ်၊ "နင်စားပြီးပြီလား??"

  "မစားရ‌သေးဘူး၊ ကန်တင်းသွားပြီး စားလိုက်လို့ရတယ်။" မနက်စာက နဂိုကတော့ လုမူရှန်းဟာဖြစ်လေတယ်၊ ဒါပေမဲ့ သူကမစားပစ်လိုက်ဘဲ ဆုန်ရန်အတွက် ယူလာပေးချင်ခဲ့လေတယ်။

  ဒီစကားကိုကြားတော့၊ ဆုန်ရန်က ဘူးအဖုံးကို ပိတ်လိုက်ကာ၊ "ဒါဆို ငါလည်းမစားတော့ဘူး။"

  လုမူရှန်းမှာ အနည်းငယ် အံ့ဩသွားကာ၊ "ဘာဖြစ်လို့လဲ?"

  ဆုန်ရန်က ခေါင်းမော့ပြီး သူ့ကိုကြည့်လာကာ၊ "ကိုယ်ပိုင်စာကြည့်ချိန်ပြီးရင်၊ ကန်တင်းသွားပြီး ဆန်ပြုတ်နှစ်ပွဲဝယ်လိုက်ကြရအောင်၊ ပြီးတော့ အတူတူစားကြမယ်လေ။"
  
   ဆုန်ရန့်စကားကိုကြားတော့၊ လုမူရှန်းနှလုံးသားထဲ နွေးထွေးသွားလေတော့သည်။

  သူက ပြုံးပြီးခေါင်းညိတ်ပြလိုက်ကာ၊ "အင်း၊ အတူတူစားကြတာပေါ့။"

  ဆုန်ရန်က ပြုံးကာ ထမင်းဘူးလေးကို သူ့ကျောင်းလွယ်အိတ်ထဲ ထည့်သိမ်းလိုက်လေတယ်။

ကိုယ့်ရင်ခွင်ထဲကမင်း [MM Translation]Where stories live. Discover now